News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲတွင် ပါဝင်သူသုံးဦးကို ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်
14-May-2018


ရန်ကုန်၊ မေလ ၁၄

ရန်ကုန်မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် မေလ ၁၄ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲတွင်ပါဝင်သူ ကိုဇေယျာလွင်၊ ကဗျာဆရာ ရွှေကြယ်မိုးနှင့် မအိအိမိုးတို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ထပ်မံ တရားစွဲလိုက်သည်။

ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲကို ကျောက်တံတားရဲစခန်းမှ လာရောက်တားဆီးခဲ့ပြီး ထိုရွတ်ဆိုပွဲတွင် အမှတ်တရ စကားပြောကြားသည့် တကသ ကျောင်းသားခေါင်းဆောင်ဟောင်း ဇေယျာလွင်နှင့် ကျောက်တံတားရဲစခန်းတာဝန်ရှိသူများက ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

“ကျွန်တော်က အဲ့ပွဲကို စီစဉ်တာလည်း မဟုတ်ဘူး၊ စီစဉ်သူက အမှတ်တရ ပြောပေးပါဆိုလို့ ပြောပေးတာ၊ အဲ့ဒါကို ကျောက်တံတားမြို့နယ်မှူးက လူကြားထဲမှာ ၁၉ နဲ့ စွဲတယ်ဆိုပြီး ပြောသွားတာပဲ”ဟု ကိုဇေယျာလွင်က ပြောသည်။

ကိုဇေယျာလွင်မှာ တာမွေအဝိုင်းထိပ်အနီးတွင် ပြုလုပ်ခဲ့သည် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသူ ၈ ဦးအနက် တစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် ကျောက်တံတားမြို့နယ်မှ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ထပ်မံ အမှုဖွင့်ခံရခြင်းဖြစ်သည်။

ဝေလင်း