News

POST TYPE

EDITORIAL

စစ်ပွဲတွေ ရပ် . . . ရပ် (Daily, Vol-6/No-27)
13-May-2018

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းမှစတင်ကာ စစ်ပွဲများရပ်ဆိုင်းရေးနှင့် တိုက်ပွဲများကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်ကို အကန့်အသတ် အတားအဆီးမှုမရှိဘဲ ကူညီခွင့်ပေးရေးအဖြစ် ဆန္ဒလှုပ်ရှားမှုပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး လှုပ်ရှားပုံရိပ်များအဖြစ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။


ပြည်ခရိုင် ပေါင်းတည်မြို့တွင် စစ်ဘေးကြောင့် ပိတ်မိနေသည့် ပြည်သူများအား လွတ်လပ်စွာ ထောက်ပံ့နိုင်ခွင့်၊ သွားလာနိုင်ခွင့်ရရှိရေး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက မေလ ၁၂ ရက်တွင် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဓာတ်ပုံ - ချစ်ကို 


တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများ လွှတ်ပေးရေးနှင့် စစ်ပွဲများ ရပ်တန့်ရေးအတွက် မန္တလေးမြို့တော် ခန်းမအနီး ကျုံးဘေးတွင် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို မေလ ၈ ရက်) ည ၇ နာရီက ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ - မောင်ရဲနွေ


တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မြစ်ကြီးနားမြို့တွင် ဒေသခံ ၁၀၀၀ ကျော်က မေလ ၃ ရက်နေ့က မနောကွင်းမှချီတက်ခဲ့ပြီး ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့၊ ဆွမ်ပရာဘွမ်လမ်းမကြီးဘေးတွင် မတ်တပ်ရပ်ဆန္ဒပြ တောင်းဆိုခဲ့သည်။
ဓာတ်ပုံ - ရန်ကောင်း 


ဗန်းမော်မြို့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သော ပြည်သူ ၁၀၀၀ ကျော်က မေ ၈ ရက်တွင် တိုက်ပွဲကြောင့် ပိတ်မိနေသောသူများကို ဘေးကင်းလုံခြုံမှုရရှိရေး၊ အမြန်ဆုံး လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဓာတ်ပုံ - ဆလိုင်းယောဇဉ်


မန္တလေးမြို့တော်တွင် မေလ ၆ ရက်နေ့ စစ်ပွဲများ ရပ်ဆိုင်းရေးနှင့် တိုက်ပွဲကြောင့် ပိတ်မိနေသောသူများကို ကယ်ဆယ်ရေးအတွက် ဆိုင်ကယ်များစီး၍ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ - မောင်သန့်


ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ လွှတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုအား မေလ ၆ ရက် ညနေ နာရီမှစတင်ပြီး မော်တင်မှတ်တိုင်မှ မဟာဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက်ခဲ့ကြသည်။
ဓာတ်ပုံ - ဝေလင်း


ရန်ကုန်မြို့တော်တွင် မေလ ၁၂ ရက်နေ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု တာမွေအဝိုင်းထိပ်မှ ဆူးလေအထိ စစ်ပွဲများ ရပ်တန့်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူများကို အကန့်အသတ် အတားအဆီးမှုမရှိဘဲ ကူညီခွင့်ပေးရေး ငြိမ်းချမ်းရေး လိုလားသူ လူငယ် ၁၀၀ ကျော်က ယနေ့ (မေ ၁၂ ရက်) ညနေပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ခုံးကျော်တံတားအနီးမှစ၍ ဆန္ဒပြခဲ့ကြသည်။
ဓာတ်ပုံ - ရဲပြည့်ဇာနည်


ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများအတွက် ရန်ကုန်မြို့ရှိ ကချင်တိုင်းရင်းသား လူငယ် ၆၀ ခန့် စုပေါင်း၍ မေ ၅ ရက် ညနေ ၅ နာရီ ခန့်က ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်တွင် ဆုတောင်းခဲ့ကြသည်။
ဓာတ်ပုံ - အောင်နိုင်


တာမွေခုံးကျော်တံတားအနီး၊ Ocean Supermarket အနီးမှာပင် ရဲတပ်ဖွဲ့က အင်အား ၁၀၀ ကျော်ဖြင့် အလုံးအရင်း ပိတ်ဆို့တားဆီးသဖြင့် ယင်းနေရာ၌ပင် ထိုင်သပိတ်ပုံစံ ပြုလုပ်ကာ လူငယ် ၁၀၀ ခန့်က ဆန္ဒပြပြီးနောက် လူစုခွဲချိန်တွင် ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ - ရဲပြည့်ဇာနည်