News

POST TYPE

EDITORIAL

မူဆယ်တိုက်ပွဲ ကျည်ဆန်အချို့ တရုတ်ပိုင်နက်အတွင်းကျခဲ့ဟုဆို


ရန်ကုန်၊ မေ ၁၃

ယမန်နေ့ မေ ၁၂ ရက်က မူဆယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ကျည်ဆန်ကျရောက်ခဲ့ကြောင်း (ထုတ်ပြန်ချက်တွင် အရမ်းမဲ့ပျံလာသော ကျည်ဆံဟု သုံးနှုန်းထားသည်) ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မေလ ၁၂ ရက်က မူဆယ်တွင် တအန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) နှင့် ကေအိုင်အေ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး အရပ်သားများ သေဆုံးရခြင်းအတွက် ဝမ်းနည်းကြောင်း၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို မြန်နိုင်သမျှ မြန်မြန်ပြန်လည်တည်ဆောက်ပြီး အရပ်သားများ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံသံရုံးက တောင်းဆိုသည်။