News

POST TYPE

EDITORIAL

ပါရီအကြမ်းဖက်မှု လူသတ်ပွဲ၏ အဓိကတရားခံကို ဘယ်လဂျီယံတွင် ရုံးထုတ်ရာ တရားခွင်တွင် စကားလုံးဝမဟ


ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၅

၂၀၁၅ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တော် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့စဉ်အတွင်း ကျူးလွန်ခဲ့သူများအနက် တစ်ဦးတည်းသော အရှင်ဖမ်းမိသူကို ဘယ်လဂျီယမ်တရားရုံး၌ ရုံးထုတ်ခဲ့ရာတွင် တရားသူကြီးကို စကားပြန်လည် ဖြေကြားရန်အတွက် ဖမ်းဆီးခံထားရသူ ဆာလာအဗ္ဗ ဒက်ဆလမ်က ငြင်းဆန်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

တရားသူကြီးများ၏ စစ်ဆေးမေးမြန်းမှုကို ပြန်လည်ဖြေကြားမည် မဟုတ်ပါကြောင်း ဆာလာအဗ္ဗဒက်ဆလမ်က ပြောကြားခဲ့သည်။ 

“စကားမပြောရန် ဆုံးဖြတ်ခြင်းကြောင့် ကျုပ်ဟာ ရာဇဝတ်ကောင် ဖြစ်မသွားပါဘူး။ ဒါဟာ ကျုပ်ရဲ့ တရားရင်ဆိုင်ခြင်းပါပဲ”ဟု ၎င်းက ဆိုထားသည်။

မွတ်ဆလင်များကို သနားညှာတာမှုကင်းမဲ့စွာ တရားစီရင်နေကြောင်း၊ အလာနှင့် တမန်တော်ကိုသာ ယုံကြည်ပါကြောင်း အသက် ၂၈ နှစ်အရွယ် အဗ္ဗဒက်ဆလမ်က ပြောကြားခဲ့သည်။

“ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ မဟာမိတ်တွေကို မကြောက်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့ပြီး ခင်ဗျားတို့ဆိုသည်မှာ မည်သူမည်ဝါတို့ကို ဆိုလိုမှန်း ၎င်းက မပြောကြားခဲ့ပေ။

အဆိုပါအစွန်းရောက်သည် ပြင်သစ်တိုက်ခိုက်မှုများတွင် အဓိကနေရာမှ ပါဝင်ကြောင်း ပြင်သစ်ဥပဒေအရာရှိများက ယူဆလျက်ရှိသည်။

ပါရီတိုက်ခိုက်မှုတွင် ပြဇာတ်ရုံ၊ အားကစားရုံ၊ စားသောက်ဆိုင်များကို ပစ်မှတ်ထားခဲ့ပြီး လူ ၁၃၀ ခန့် သေဆုံးခဲ့ကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ 

အဗ္ဗဒက်ဆလမ်သည် ဥရောပ၏ အလိုအရှိဆုံးလူသတ်သမားအဖြစ် ၎င်းကို လိုက်လံရှာဖွေခဲ့ပြီး လေးလအကြာတွင် ဘရပ်ဆဲလ်မြို့၌ ဖမ်းမိခဲ့ပေသည်။ 

တရားခံဖြစ်သူ၏ ညီအစ်ကိုတော်စပ်သူသည် ဘရာဟင်ဟု အမည်ရပြီး ပါရီတိုက်ခိုက်သူများထဲတွင် ပါဝင်ခဲ့ကာ ကဖေးဆိုင်တစ်ဆိုင်၏ ရှေ့မှောက်တွင် အသေခံဖောက်ခွဲပြီး သေဆုံးသွားခဲ့သည်။ 

တရားခံအကြမ်းဖက်သမား ဘရပ်ဆဲလ်တွင် ရင်ဆိုင်နေရသည်မှာ ဘယ်ဂျီယံတွင် ကျူးလွန်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဖြစ်ကာ ပြင်သစ်အမှုနှင့် မဆိုင်သေးပေ။

F-02