News

POST TYPE

EDITORIAL

Ayyildiz Tim တူရကီဟက်ကာအဖွဲ့၏ ဝက်ဘ်ဆိုက်ကို မြန်မာဟက်ကာများ တိုက်ခိုက်လိုက်ပြီ
05-Sep-2017 tagged as မြန်မာ cyber


ရန်ကုန်၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံ၏ Cyber Space ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည့် Ayyildiz Tim အမည်ခံ တူရကီဟက်ကာအဖွဲ့၏ ဝက်ဘ်ဆိုက်ကို မြန်မာဟက်ကာများက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

မြန်မာလူငယ်ဟက်ကာများ၏ စုစည်း တိုက်ခိုက်မှုကြောင့် တူရကီဟက်ကာအဖွဲ့၏ ဝက်ဘ်ဆိုက်ကို အချိန် အတော်ကြာ ဝင်ရောက်ကြည့်ရှု မရနိုင်ခဲ့ကြောင်း UGMH အဖွဲ့ဝင် ဟက်ကာများက ပြောဆိုလိုက်သည်။

မြန်မာဟက်ကာများက ၎င်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် “Ayyildiz Tim စိတ်မကောင်းပါဘူး။ ငါတို့က စမ်းကြည့်တာပါ”ဟု ရေးသားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် DDoS တိုက်ခိုက်မှုဖြစ်ပြီး စမ်းသပ် တိုက်ခိုက်မှုသာဖြစ်ကြောင်း UGMH စာမျက်နှာတွင် ဖော်ပြထားသည်။

တူရကီဘက်မှလည်း မြန်မာနိုင်ငံ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေသည့်အတွက် ပြည်တွင်း ဝက်ဘ်ဆိုက်ကြီးကြပ်နေသူများအနေဖြင့် မိမိတို့၏ ဝက်ဘ်ဆိုက်များကို လုံခြုံရေး အဆင့်မြှင့်တင်ပြီး စောင့်ကြပ်ကြည့်ရှုသွားရန် UGMH အဖွဲ့ဝင်များက တိုက်တွန်းထားသည်။