News

POST SECTION

EDITOR PICK POST

ချယ်လ်ဆီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ မော်ရင်ညိုဟာ အသင်းပရိသတ်တွေကို တောင်းပန်စကား ပြောကြားလိုက်ပါတယ်။
12-Aug-2017 tagged as တပ်မတော်
ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုကို အပြည့်အဝ ခံယူလိုက်နာ ပူးပေါင်းဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်လုံခြုံရေးအတွက် မိမိတို့ သင့်လျော်ကောင်းမွန်မယ်လို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အခြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းစကားပါးလိုတာလည်း ဖြစ်နိုင်ပါတယ်။
01-Jan-2017 tagged as မီးလောင်မှု
နှစ်သစ်ကူး သန်းခေါင်ယံ အချိန် ည ၁၂ နာရီ ခန့်က တစ်တိုင်းပြည်လုံး နေရာအနှံ့အပြားတွင် ဟတ်ပီးနယူးရီးယား ဆိုသော နှစ်သစ်ကူး ဆုတောင်းသံများ ပျံ့လွင့်နေချိန် အင်းမမြို့ငယ်လေးကတော့ ပြာပုံကြားမှ မီးလောင်ထားသည့် ဈေးကြီးကိုကြည့်ပြီး ငိုကြွေးသံများသာ ပျံ့နှံလာတော့သည်။
01-Oct-2016 tagged as ငလျင်
ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများ ပြိုပျက်ခဲ့ရသည့်နည်းတူ ရန်ကုန်တွင်သာ ငလျင်လှုပ်ပါက မည့်သည့်အရာများ ပျက်စီး နိုင်မည်နည်း မေးလာအံ့။ လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်သည့် ရန်ကုန်တွင်သာ ငလျင်လှုပ်ပါက ဦးစွာစိတ်ပူရမည်မှာ အထပ်မြင့်များ ဖြစ်နိုင်သည်။
29-Sep-2016 tagged as
သူ့အမည်က သိုအိုဒိုငုမာအိုဘီယန် မွန်ဂဲ (Teodoro Nguema Obiang Mangue) ဖြစ်သည်။ အီကွေတိုးရီးယား ဂီနီနိုင်ငံမှ အာဏာရှင်ကြီး သီအိုဒို အိုဘင်းငုမာအမ်ဘာဆိုဂို (Teodoro Obiang Nguema Mbasogo) ၏ သားဖြစ်သည်။ ရပ်ပါအဆိုတော်မလေး အိဗ်ကို ချိန်းတွေ့ရန်အတွက် မာလီဘူးမှ အိမ်တစ်လုံးကို ဒေါ်လာ ၃၅ သန်း လက်ငင်းငွေချေပြီး ဝယ်ပစ်လိုက်သည့် အာဏာရှင်သားဆိုလျှင် လူတိုင်းသိထားကြပါသည်။
ကိုဖီအာနန်လို ပုဂ္ဂိုလ်မျိုးက နိုင်ငံတကာမှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ ထိတွေ့မှုအရ သူကိုယ်တိုင်က ရိုဟင်ဂျာဆိုတဲ့ စကားကို မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတယ်။ နောက်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းဆိုတဲ့ စကားကို သုံးတယ်။ အဲလိုပြောဆိုမှုတွေက ကျွန်တော်တို့ဘက်က ရှုံးပြီးသားလို့ မြင်တယ်။ နှစ်ဖက်လူ့အဖွဲ့အစည်း ဆိုတာကို တစ်တန်းတည်းထားလို့ မရဘူး။ ဟိုဘက်က နိုင်ငံသားတွေ မဟုတ်ဘူး။ နိုင်ငံသား အဆင့်တောင် စစ်ဆေးခြင်း မခံတဲ့သူတွေ ဖြစ်တယ်။ အခုဆိုရင် အကြမ်းဖက်လုပ်ရပ်တွေက ပီပြင်လာပြီ။
08-Oct-2017 tagged as နည်းပညာ AI
သိပ္ပံဇာတ်ကားများထဲတွင် စိတ်ကူးယဉ်ခဲ့ကြသည့် လူသားဦးနှောက်ကို ကွန်ပျူတာထဲထည့်ကာ ထာဝရ ရှင်သန်နိုင်စေရန် ကြိုးပန်းဆောင်ရွက်မှုသည် မကြာမီ အောင်မြင်တော့မည်ဟု ပါမောက္ခ ဘရိန်းကော့၏ ပြောကြားချက်ကို The Sun Online သတင်းတွင် တွေ့လိုက်ရသည်။
19-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ပြည်တွင်းရှိ ပြည်သူအများစုရဲ့ အမြင်၊ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ Facebook User တွေရဲ့ အမြင်ကတော့ နိုင်ငံတကာ မီဒီယာတွေဟာ နှစ်ဖက်စလုံးရဲ့အခြေအနေကို မျှတစွာ ဖော်ပြတာမလုပ်ပဲ ရိုဟင်ဂျာတွေဘက်ကချည်း တစ်ဖက်သတ် ဘက်လိုက်ဖော်ပြနေတယ်။ တကယ်အကြမ်းဖက် တိုက်ခိုက်သူက ရိုဟင်ဂျာ ကိုယ်စားပြု ARSA (Arakan Rohingya Salvation Army) ဖြစ်ပြီး ခံရသူတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒါကိုမပြောပဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ထိခိုက်တဲ့ ရိုဟင်ဂျာတွေ အကြောင်းပဲ ပြောနေတယ်။ ဒါကြောင့် ဘက်လိုက်တဲ့ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့အထိ ဖြစ်လာနေပါတယ်။
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးလားသော နိုင်ငံအများစုတွင် အိမ်ဖော်များ လိုအပ်ချက်က ပိုပြီး ကြီးမားနေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများမှ အမျိုးသမီး အများစုသည် တရားဝင်လမ်းကြောင်းများထက်၊ တရားမဝင် လမ်းကြောင်းများက ထွက်ပြီး ထိုနိုင်ငံများတွင် မိမိတို့ဘဝကို ပေးဆက်နေကြရမှုများ ရှိနေသည်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသမီးများသည် ချမ်းသာသည့် နိုင်ငံများတွင် ဒုက္ခဆင်းရဲမှုပေါင်း များစွာ ခံစားကာ မိသားစုများအတွက် ငွေရှာပေးနေရမှုများ ရှိနေသည်။
14-Feb-2017 tagged as တရုတ်
နှစ်သစ်ကူးချိန်ရောက်တိုင်း အငှားရည်းစား လုပ်ငန်းက ရှေ့တန်းတက်လာသည်။ အိမ်အပြန် မျက်နှာပန်းလှစေရန် မိသားစု တွေ့ဆုံပွဲတွင် အငှားရည်းစားကို ခေါ်သွားရန် အရေးကြီးသည်။ ယခုနှစ်အတွက် အမျိုးသားရည်းစား အငှားလုပ်ငန်းသည် ၂၀၁၅ ခုနှစ်ကထက် သုံးဆ တက်လာကြောင်း The New Paper အွန်လိုင်းသတင်း၌လည်း ဖော်ပြထားသည်။
တရုတ်အမျိုးသား အကျိုးစီးပွားကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာနေတဲ့ အနေအထားကနေ စဉ်းစားရင် တရုတ်နိုင်ငံအနေနဲ့ အဖျက်အန္တရာယ်ကို ထိန်းချုပ်ဖို့ ဦးဆောင်ဦးရွက် ပြုရမယ်။ တရုတ်နယ်ခြားစောင့်တပ်တွေနဲ့ ဒေသဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့တွေဟာ တရုတ်နိုင်ငံသားတွေနဲ့ စည်းစိမ်ဥစ္စာတို့ကို ထိခိုက်လာနိုင်ခြေန ည်းနိုင်သမျှ နည်းအောင် နယ်ခြားဒေသကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမိုအားစိုက်ကြရမယ်။