News

POST SECTION

EDITOR PICK POST

07-Oct-2016
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီး၊ မြို့ငယ် အားလုံးတွင် ပြည်သူ အများစု ကြုံတွေ့ရသည့် ကျန်းမာရေး ချို့ယွင်းမှုများကို ဆေးဆိုင် သို့မဟုတ် ကွမ်းယာဆိုင်များက တွဲစပ် ရောင်းချသော ဆေးများကို မှီခိုအားထားနေရခြင်းမှာ သတိပြုဖွယ် ပြဿနာ တစ်ရပ်အသွင် ဆောင်လာသည်။
07-Oct-2016
ရန်ကုန်မြို့တော် ဧရိယာ အတွင်းရှိ သင့်တော်သော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်များ စီးနင်းခွင့် ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်၏ ပြောဆိုချက်ကို မူအားဖြင့် ကြိုဆို အပ်ပေသည်
02-Oct-2016
ဥပဒေပြု လွှတ်တော် အရပ်ရပ်၏ သက်တမ်း ရှစ်လကျော် ကာလအတွင်း ရောက်ရှိလာသော အချိန်တွင် ယခင် အရပ်သား တစ်ပိုင်း အစိုးရလက်ထက်ကပင် မကြားခဲ့ဖူးသော အသံအချို့ ထွက်ပေါ်လာခြင်းမှာ ဒီမိုကရေစီ အခြေခံ သဘောတရား တစ်ခုကို ပြက်ရယ်ပြုသကဲ့သို့ ဖြစ်နေပေသည်။
01-Oct-2016
ယူနီဆက်လို ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ ရန်ပုံငွေ အဖွဲ့မျိုးနဲ့ ချိတ်ဆက်ပြီး ကလေး သူငယ်တွေကို အကာအကွယ်၊ အစောင့်အရှောက် ပေးဖို့ စီမံကိန်း၊ စီမံချက်၊ ဥပဒေ အမြန်ဆွဲပြီး အမြန် ချက်ချင်း အကောင်အထည် ဖော်ရမယ်။ နောက်ကျတာနဲ့အမျှ ဆိုးကျိုး များနိုင်တယ်ဆိုတာ သတိ ချပ်စေချင်တယ်
29-Sep-2016
သတင်း လွတ်လပ်ခွင့်သည် သတင်းသမား တစ်ဦးချင်း၊ သတင်းမီဒီယာ တစ်ခုချင်းစီ၏ အခွင့်အရေး မဟုတ်ဘဲ သတင်းသိခွင့် ရှိသော ပြည်သူလူထု တစ်ရပ်လုံး၏ အခြေခံ အခွင့်အရေး ဖြစ်သည်ဆိုသော အချက်နှင့် ယင်းအခွင့်အရေးကို သတင်း မီဒီယာများက ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ကြောင်း သိထားသင့်ပေသည်။
27-May-2017
ငြိမ်းချမ်းရေးနှင့် စီးပွားရေးသည် ဟိုဟာပထမ၊ သည်ဟာ ပထမဟု အငြင်းပွားရန် မလိုပါ။ ကဏန်းလက်မကဲ့သို့ နှစ်ဖက်ညှပ်သွားရန် လိုသည်။ မြန်မာနိုင်ငံတွင် ခံစားနေရသော ပြဿနာအချို့သည် စီးပွားရေး အရင်းအမြစ်ရရှိမှု၊ စီးပွားရေးဖွံ့ဖြိုးမှု အကျိုးခံစားရမှုတို့ပေါ် မူတည်ပြီး ဖြစ်ပေါ်လာသော ပြဿနာများ ဖြစ်သည်။ နိုင်ငံရေး ပြဿနာဟု ထင်ရသော်လည်း စီးပွားရေး ပြဿနာများဖြစ်သည်။ ငြိမ်းချမ်းရေး ပြဿနာ အများအပြားသည်လည်း ငြိမ်းချမ်းရေး ပြဿနာ အသွင်ဆောင်သော်လည်း စီးပွားရေး ပြဿနာများ ဖြစ်သည်။ ‘A hungry man is an angry man’ ‘ဗိုက်ဆာလျှင် ဒေါသထွက်သည်’ ဟူသော စကားပုံသည် ယခုနေရာတွင် ကွက်တိဖြစ်သည်။ တစ်ဖန် စစ်ဖြစ်ပွားနေသော ဒေသများတွင် စီးပွားရေး ပြေလည်မှသာ ငြိမ်းချမ်းရေးကို အကျိုးပြုမည် မဟုတ်ဘဲ စစ်မက်ကင်းဝေးသော ဒေသများတွင် စီးပွားရေး တိုးတက်လျှင်လည်း အဆင့်ဆင့် သက်ရောက်ခြင်းဖြင့် စစ်ဖြစ်ပွားနေသော ဒေသများ ငြိမ်းချမ်းရေးကို ရရှိစေမည် ဖြစ်သည်။ တိုတိုပြောလျှင် စီးပွားရေး ပြေလည်အောင် ဆောင်ရွက်လိုက်လျှင် ငြိမ်းချမ်းရေးလည်း ပြေလည်မည်။
03-Dec-2016
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်းတွေထဲ အဆော့သန်လွန်းလို့၊ ပေါက်တီးပေါက်ရှာ မေးခွန်းတွေ မေးတတ်တဲ့ ကာတွန်းဇာတ်ကောင်ကို မှတ်မိကြပါသလား။
25-Nov-2016
ပန်းကလေးများနှင့် တူသော သနားစရာ ကလေးငယ်များကိုပါ အဓမ္မ ပြုကျင့်မှုများ တိုးလာခြင်းမှာမူ ဥပဒေစိုးမိုးမှု တစ်နည်းအားဖြင့် ယင်းသို့ ကျူးလွန်မှုများအပေါ် အရေးယူ အပြစ် ပေးသည့် အပြစ်ဒဏ်များ လျော့ပေါ့ အားနည်းခြင်းနှင့် တရားရေးမဏ္ဍိုင် ခြစား ယိမ်းယိုင်နေခြင်းကြောင့်ဖြစ်သည်။
19-Nov-2016
အဂတိလိုက်စားမှု အများဆုံး နိုင်ငံများကို ကြည့်လျှင် အာဏာရှင်စနစ်နှင့် ဆင်းရဲမွဲတေမှုတို့ နပန်းလုံးနေသော နိုင်ငံများ ဖြစ်ကြပြီး ထိုနှစ်ရပ်ကပင် သား၊ တူ၊ ညီကောင်းစားရေး Nepotism နှင့် လက်သင့်ရာ စားတော် (ခေါ်) Cronyism ဝါဒများ အားကောင်းလာကာ လာဘ်ပေး၊ လာဘ်ယူမှုနှင့် အဂတိ လိုက်စားမှုကို မွေးဖွားပေးလိုက်ခြင်း
31-Oct-2016
ကလေးငယ်များကို လူတော်၊ လူကောင်းများ ဖြစ်ရန် သွန်သင် ဆုံးမပေးရမည့်သူ ဖြစ်သည့်အပြင် ယင်းကျောင်းမှ ဆရာ၊ ဆရာမများကိုလည်း စည်းကမ်းနှင့်အညီ စီမံခန့်ခွဲ အုပ်ချုပ်ရသော ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျောင်းအတွင်း၌ပင် မူးယစ်ဆေးဝါးများ ထားရှိ သုံးစွဲနေခြင်းမှာ များစွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
14-Sep-2016
ရုပ်ရှင်ဂီတ လောက အတွင်းမှ ငွေကြေး အလွဲသုံးစားမှု၊ ယုံကြည် အပ်နှံခြင်းကို ဖောက်ဖျက်မှု၊ လိမ်ညာ ဟန်ဆောင်မှု၊ တာဝန် လစ်ဟင်းမှု၊ မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိမှု စသည်တို့နှင့်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲများ၊ တွေ့ဆုံ မေးမြန်းချက်များ၊ ရင်ဖွင့် ခံစားမှုများ၊ ထုတ်ပြန် ကြေညာချက်များမှာ ယခုရက်ပိုင်းအတွင်း ထိပ်တန်း ဦးစားပေး သတင်းများအဖြစ် တွေ့မြင်ရသည်
20-Feb-2019
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဗြိတိန်အစိုးရအနေနှင့် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော် အသုံးပြုရန်စီစဉ်ထားကြောင်း UK Aid အဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန - DFID မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဂေးလ်မာဇက်တီက ပြောကြားသည်။
22-May-2017
“တိုင်းဒေသကြီး အခွန်ရဖို့ ဆိုတာလောက်နဲ့ ပြည်ထောင်စုဝန်ကြီး ဖြေထားတဲ့အဖြေကို ပြောင်းပြန်လုပ်တာတော့ သိပ်ပြီးအကျိုးအကြောင်း မဆီလျော်ဘူးလို့ ထင်ပါတယ်”