News

POST TYPE

EDITOR PICK POST

Ultrasound လွန်ဖြင့် သွေးခဲမှုများကို ဖျက်ထုတ်မည်
Intravascular Ultrasound ဟု အမည်ပေးထားသော အလွန်သေးငယ်သည့် ပစ္စည်းလေးဖြင့် သွေးကြောထဲ ထိုးထည့်ပြီး သွေးခဲမှုများကို ချေဖျက်ပေးနိုင်တော့မည် ဖြစ်ကြောင်း Med Gadget သတင်းတွင် ဖော်ပြထားသည်။

သွေးကြောထဲ ထိုးထည့်နိုင်မည့် အလွန်သေးငယ်သော ပမာဏရှိသည့် ပစ္စည်းလေးသည် အသံလွန်နှုန်းအား ဖရီကွင်စီ လွန်စွာမြင့်မားအောင် ထုတ်လွှတ်လိုက်ပြီးနောက် သွေးများကို လှုပ်ချေဖျက်လိုက်မည် ဖြစ်သဖြင့် ပိတ်ဆို့နေသော သွေးများ လမ်းပွင့်သွားစေမည်ဟု ယင်းသတင်းက ဆိုသည်။

ဖရီကွင်စီ လှိုင်းနှုန်းများကို ထိန်းချုပ်ပေးထားမည် ဖြစ်သောကြောင့် သွေးကြောများကို ထိခိုက်စေနိုင်ခြင်း မရှိဘဲ စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

သွေးကြောပိတ်ကုထုံးကို ကုသနိုင်မည့် Ultrasound ပစ္စည်းတစ်မျိုးကို မြောက်ကိုရိုလိုင်းနားပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက တီထွင်ခဲ့ခြင်း ဖြစ်ပြီး အနိမ့်ဆုံး ဖရီကွင်စီနှုန်းဖြင့် သွေးများကို ချေဖျက်နိုင်စွမ်းရှိကြောင်း ပညာရှင်များက ပြောကြားသည်။

အသစ်တီထွင်ထားသည့် ပစ္စည်းကို အာထရာဆောင်းလွန်ပူဟု အမည်ပေးထားပြီး အလွန်သေးငယ်စွာဖြင့် စွမ်းအားကောင်းစေရန် အထူးပြုလုပ်ထားသည်။

သွေးကြောပိတ်ခြင်း ဝေဒနာ ခံစားနေရသည့် လူနာများကို သုံးနာရီခွဲမှ လေးနာရီအတွင်း ၉၀ ရာခိုင်နှုန်းခန့် သွေးများ ပျော်ဆင်းသွားစေရန် လုပ်ဆောင်နိုင်ကြောင်း  တီထွင်သူများထဲမှ ပညာရှင် ဂျင်ဝုခ် ကင်က ပြောကြားသည်။ 

အသစ်တီထွင်ထားသည့် ပစ္စည်း၏ လုပ်ဆောင်နိုင်စွမ်းသည်၊ လက်ရှိအသုံးပြုနေသည့် သွေးခဲချေ ဖျက်ပစ္စည်းများထက် စွမ်းအားထက်ပြီး ဤစက်၏ လေးနာရီကြာ ချေဖျက်နိုင်စွမ်းသည် လက်ရှိသုံးနေသော ပစ္စည်းများ၏ ၁၀ နာရီကြာ ချေဖျက်နိုင်စွမ်းနှင့် ညီကြောင်း ကင်က ပြောကြားသည်။