News

POST TYPE

EDITOR PICK POST

အရိုးအကြောအဆစ်ကုသရေး ဆရာဝန် လိုအပ်ချက် များပြား
24-May-2017 tagged as ကျန်းမာရေး

ရန်ကုန်၊ မေ ၂၃

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရိုးအကြောအဆစ်ရောဂါကု ဆရာဝန်များစွာ လိုအပ်လျက်ရှိကြောင်း ခုတင် ၅၀ဝ ဆံ့ အထူးကုဆေးရုံကြီး၏ အရိုးအကြော အဆစ် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဦးချစ်စိုးက ပြောကြားသည်။

ရန်ကုန် ခုတင် ၅၀ဝ ဆံ့ အထူးကု ဆေးရုံကြီးနှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံတွင်သာ အရိုးအကြောအဆစ် ဆေးပညာဌာနကို ဖွင့်လှစ်ထားပြီး ဆရာဝန်ဦးရေ ၁၄ ဦးခန့်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ လူနာများကို ကုသမှုပေးနေကြောင်း ယင်းဌာန၏ အချက်အလက်များအရ သိရသည်။

“အောင်ပြီးသားအနေနဲ့ ခြောက်ယောက်၊ ဒီပညာလေ့လာသူအနေနဲ့ ရှစ်ယောက်။ ဒီအင်အားနဲ့ပဲ မြန်မာတစ်ပြည်လုံးအတွက် လုပ်နေတာပေါ့။ တကယ်တမ်းကတော့ လူတစ်သိန်းမှာ တစ်ယောက်ရှိရမှာ။ သန်း ၅၀ ဆို ၅၀ဝ ရှိရမှာပေါ့”ဟု ပါမောက္ခ ဦးချစ်စိုးက ရှင်းပြသည်။

အဆိုပါ အရိုးအကြောအဆစ် ဆေးပညာဌာနများကို တောင်ကြီးနှင့် မကွေးတို့တွင် ဆက်လက် တိုးချဲ့ဖွင့်လှစ်သွားရန် တာဝန်ရှိသူများထံသို့ တင်ပြထားကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယင်းကဲ့သို့ လူနာရှင်ပေါင်း မည်မျှရှိမည်ကို စာရင်း ဇယား အတိအကျ မရှိသည့်အတွက် ခန့်မှန်းရခက်ခဲကြောင်း၊ နိုင်ငံတကာ၏ တွက်ချက်မှု စစ်တမ်းများအရ အရိုးအကြောအဆစ်လူနာသည် လူ ၁၀ဝ တွင် တစ်ဦး ဖြစ်ပွားလျက်ရှိကြောင်း၊ ခုတင် ၅၀ဝ ဆံ့ အထူးကုဆေးရုံကြီးသို့ တက်ရောက်ကုသသည့် လူနာဦးရေမှာ သုံးလလျှင် လူနာ ၁၀ဝ၀ ခန့်ရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

“ဒီရောဂါက အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျားတို့ထက် ပိုအဖြစ်များတယ်။ ဒီရောဂါတွေအတွက် အသုံးပြု ကာကွယ်မှုတွေများပြီးတော့ လေးဖက်နာ ကုသဖို့အတွက်တော့ တိုင်းပြည်မှာ အားနည်းနေတယ်”ဟု ပါမောက္ခ ဦးချစ်စိုးက ဆက်လက်ပြောကြားသည်။

J-12