POST TYPE

EDITOR PICK POST

မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကား ၂၀၁၉ တွင် အမေရိကန်ပြည်ထောင်စု၌ ပြေးဆွဲမည်
05-May-2017 tagged as ကား

ဝါရှင်တန်၊ မေ ၎

မောင်းသူမဲ့ တက္ကစီကားများ ပေါ်ထွန်းလာရေးကို အပြိုင်အဆိုင် ကြိုးပမ်းနေသည့် ကာလတွင် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှ အီလက်ထရစ် ဘတ်စ်ကားကုမ္ပဏီ တစ်ခုက ၂၀၁၉ ခုနှစ်တွင် မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကားများကို ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။

Proterra ဟု အမည်ပေးထားသော ကုမ္ပဏီက အများပြည်သူပိုင် လမ်းများပေါ်တွင် ၂၀၁၉ ခုနှစ်က စတင်ကာ မိမိတို့ လျှပ်စစ်ကားများကို တွေ့မြင်စေရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

လက်ရှိအနေအထားတွင် ကုမ္ပဏီအနေနှင့် နီဗားဒါးပြည်နယ်အတွင်း လမ်းများပေါ်တွင် စမ်းသပ်ဘတ်စ်ကားများကို ပြေးဆွဲကာ ဒေတာများကို ကောက်ယူလျက်ရှိပြီး၊ မောင်းသူမဲ့ အစီအစဉ်ဖြင့် ပြေးဆွဲပါက ဖြစ်ပေါ်လ နိုင်မည့် အခက်အခဲများကို ဆန်းစစ်လျက်ရှိသည်။

Proterra ကုမ္ပဏီသည် ၂၀၀၉ ခုနှစ်ကတည်းက အီလက်ထရစ် ဘတ်စ်ကားများကို တီထွင်ထုတ်လုပ် ရောင်းချနေသော နာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားကို တစ်ကြိမ် အားသွင်းထားပြီးလျှင် မိုင် ၃၅၀ အထိ ပြေးဆွဲနိုင်သည့် ဘတ်စ်ကားများကို ထုတ်လုပ်ပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း တစ်လျှောက်တွင် Proterra ကုမ္ပဏီသည် မိုင်ပေါင်း ၂ ဒသမ ၅ သန်းကျော်ကို ပြေးဆွဲပေးနေရသည့် လုပ်ငန်းအတေ့အကြုံများဖြင့် မောင်းသူမဲ့ ဘတ်စ်ကားများကို အန္တရာယ် အကင်းဆုံး ဖြစ်စေရန် တီထွင်သွားမည် ဖြစ်ကြောင်း USA Today တွင် ရေးသားထားသည်။ 

ယခုထုတ်လုပ်မည့် မောင်းသူမဲ့ ဘတ်စ်ကားများတွင် ဆင်ဆာစနစ်များ၊ ကင်မရာများ၊ လေဆာရောင်ခြည် စနစ်သုံး Vision lidar နည်းပညာများကို တပ်ဆင်ထားပြီး၊ လက်ရှိ မောင်းသူမဲ့ ကားများတွင် အသုံးပြုနေကြသည့် စနစ်အတိုင်းပင် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ 

ယခုပရိုဂရမ်အတွက် Proterra ကုမ္ပဏီသည် Nevada တက္ကသိုလ်မှ ပညာရှင်အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်ြး ဖစ်ပြီး၊ မကြာသောကာလတွင် မြို့ပြ၌ အီလက်ထရစ်ကားများသည် ထူးခြားဆန်းပြားသော သဘောမဆောင်ဘဲ နေ့စဉ် ပုံမှန်ပြေးဆွဲနေသော ကားများ ဖြစ်လာနိုင်ကြောင်း ကုမ္ပဏီ စီအီပို ရိုင်ယန်ပေါ့ပဲက ဆိုသည်။