News

POST TYPE

EDITOR PICK POST

ရန်ကုန်နှင့် ဒေသအချို့ နေ့အပူချိန်များ မြင့်တက်မည်
01-May-2017 tagged as မိုးလေဝသ

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် နောက်သုံးရက်အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

နေ့အပူချိန် မြင့်တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

မေလ ၁ ရက်နေ့က ရန်ကုန်မြို့တော်၏ အမြင့်ဆုံးအပူချိန်မှာ ၃၇ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိနေပြီး မန္တလေးမြို့တော်၏ နေ့အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ဂန့်ဂေါမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီ၊ မုံရွာမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီ၊ ကလေးဝမြို့၊ ရွှေဘိုမြို့၊ ရေဦးမြို့၊ မြင်းခြံမြို့၊ ချောက်မြို့၊ တောင်ငူမြို့နှင့် မြင်းမူမြို့တို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။

E-03