POST TYPE

EDITOR PICK POST

ဘားအံတွင် ဖမ်းဆီးထားသည့် ယာဉ်အချို့ ပိုင်ရှင်ထံ ပြန်ပေး
25-Apr-2017 tagged as ကား

ဘားအံ၊ ဧပြီ ၂၅

သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဧပြီလဆန်းပိုင်းမှ စတင်ကာ စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ယင်းအနက်မှ အထောက်အထားခိုင်လုံစွာ တင်ပြ၍ ပြန်လည်တောင်းခံထားသည့် ယာဉ် ၁၁ စင်းကို ပိုင်ရှင်အသီးသီးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ဘားအံမြို့တွင် သင်္ကြန်အကြိုနှင့် သင်္ကြန်ကာလအတွင်း ယာဉ်ပေါင်း ၄၇ စင်း ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့က ကရင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးတွင် အမှုဖွင့်ထားရာ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဥပဒေအတိုင်း ဒဏ်ကြေး ကျပ် ၃၀၀၀၀ ပေးဆောင်စေခဲ့ပြီး ယခုကဲ့သို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ယင်းရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- စောကျော်ဌေး
R-17