News

POST TYPE

EDITOR PICK POST

နိုင်ငံတကာကျောင်းမှ အစိုးရကျောင်း ပြောင်းတက်မည့်သူများ မေလတွင် အရည်အချင်းစစ် စာမေးပွဲဖြေရမည်
07-Apr-2017 tagged as ပညာရေး

ရန်ကုန်၊ ဧပြီ ၆

အခြေခံပညာအဆင့်ကို နိုင်ငံတကာ ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများတွင် တက်ရောက်ခဲ့ပြီး လာမည့် ပညာသင်နှစ်တွင် အစိုးရကျောင်းများသို့ ပြောင်းရွှေ့လို သည့် ကျောင်းသားများအနေနှင့် အရည် အချင်းစစ်စာမေးပွဲကို မေလအတွင်း ဖြေဆိုရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရ သည်။

ပြောင်းရွှေ့ လျှောက်ထားမည့် ကျောင်းသားများမှာ (ယခင်) တက်ရောက်အောင်မြင်ခဲ့သော အတန်းပညာ ထောက်ခံချက်နှင့် အောင်လက်မှတ် မူရင်းတစ်ခုခုကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံ ပူးတွဲ တင်ပြရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲလျှောက်လွှာများကို မေလဆန်းတွင် ကြိုတင်ထုတ်ယူကာ မေလ တတိယအပတ်တွင် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

“နိုင်ငံတကာသင်ရိုးနဲ့ သင်ကြားနေတဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေ များပါတယ်၊ အဓိက အင်္ဂလိပ် စာပိုင်း ကျွမ်းကျင်ပေမယ့် မြန်မာစာမှာ အတော် အားနည်းကြတာ တွေ့ရတယ်၊ ပြောင်းရွှေ့ တက်ရောက်ချင်သူတွေ အနေနဲ့ ကိုယ့်အောင်မြင်ခဲ့တဲ့ အတန်းစာမေးပွဲထက် တစ်ဆင့်နိမ့်တဲ့ အတန်းမှာ တက်ရောက်ဖို့ အရည်အချင်းစစ် စာမေးပွဲ ဖြေရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတကာကျောင်းများမှ အစိုးရကျောင်းများထံ ရွှေ့ပြောင်း တက်ရောက်ခွင့်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင် စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်က ပထမအကြိမ် ဖြေဆိုသူ ၁၃၈ ဦးအနက် ၁၀၇ ဦး၊ ဒုတိယအကြိမ် ဖြေဆိုသူ ၁၀၁ ဦးအနက် ၅၂ ဦး၊ တတိယအကြိမ် ဖြေဆိုသူ ၃၃ ဦးအနက် ၃၁ ဦးအောင်မြင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

J-17