POST TYPE

EDITOR PICK POST

စလစ်တစ်စောင် ကျပ် ၁၅ သိန်းအထိ ထပ်ကျ
27-Mar-2017 tagged as ကား စလစ်

ရန်ကုန်၊ မတ် ၂၆

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ်အဖြစ် တင်သွင်းသည့် မော်တော်ယာဉ် (စလစ်ကပ်ယာဉ်) များ အခွန်ဆောင်ရမည့်ရက် နီးကပ်လာခြင်းကြောင့် ယခုအပတ်အတွင်း စလစ်တစ်စောင်လျှင် ကျပ် ၁၅ သိန်းအထိ ထပ်မံကျဆင်းကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

အဆိုပါ အမည်ပေါက် စလစ်ဈေးသည် ပြီးခဲ့သည့် အပတ်က တစ်စောင်လျှင် ကျပ်လေးသိန်း ကျဆင်းခဲ့ရာမှ ယခုအခါ ထပ်မံ၍ ကျဆင်းလာခြင်း ဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်း (အပ်ကား) ဈေးသည်လည်း ယခင်အပတ်ကထက် တစ်စီးလျှင် ကျပ် ၁၀ သိန်း ထပ်မံကျဆင်းကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“စလစ်ဈေးက ထပ်ကျနိုင်တယ်။ အခုတော့ အလုပ်မဖြစ်တော့ဘူး။ သင်္ကြန်ပြီးမှပဲ အလုပ်ပြန်ဖြစ်လာနိုင်ပါတယ်” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။

လက်ရှိ နှစ် ၂၀ အပ်ကားတစ်စီးလျှင် ကျပ် ၉၇ သိန်းခန့်၊ ခရီးသည်တင်ယာဉ် အပ်ကားတစ်စီးလျှင် ကျပ် ၉၅ သိန်းခန့်၊ အမည်မပေါက်သည့် စလစ်တစ်စောင်လျှင် ၁၀၀ ခန့်နှင့် အမည်ပေါက် စလစ်တစ်စောင်လျှင် ၁၀၃ သိန်းခန့် ဈေးရှိကြောင်း စလစ်ဈေးကွက် အတွင်းမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင် ဝင်ရောက်ထားခြင်း မရှိသည့် စလစ်ကပ် မော်တော်ယာဉ်များ အနေနှင့် ဧပြီလ ၁ ရက်နေ့မှစ၍ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။                                                                 

S-04