News

POST TYPE

EDITOR PICK POST

ဆရာတော် ဦးဝီရသူ ပါဝင်သော စစ်ကိုင်းတရားပွဲ ဖျက်သိမ်း
17-Mar-2017 tagged as ဦးဝီရသူ

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတွင် ကျင်းပပြုလုပ်မည့် တရားပွဲ၌ ဆရာတော် ဦးဝီရသူ ပါဝင်ခြင်းကြောင့် မြို့နယ်အာဏာပိုင်အဖွဲ့ အသီ သီးက ခွင့်ပြုချက်မပေး၍ တရားပွဲ ဖျက်သိမ်းခဲ့ရကြောင်း တရားပွဲကျင်းပရေး ဆရာတော် ဦးဉာဏိဿရာလင်္ကာရက မိန့်ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဖလန်ချိုင့်ကျေးရွာအုပ်၊ သရက်ကောင်းကျေးရွာ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ယင်းတရားပွဲကို ခွင့်မပြု၍ ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

သရက်ကောင်းကျေးရွာ မင်္ဂလာကျောင်းတိုက်အတွင်း ရှစ်ကြိမ်မြောက် ‘နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ထန်းကုန်းတိုက်နယ်လုံးဆိုင်ရာ  ထေရဝါဒ အထူးဓမ္မသဘင်ကို မတ်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပရန် တရားပွဲကျင်းပရေး ကော်မတီမှ မြို့နယ်သံဃနာယက အဖွဲ့ထံ တင်ပြခဲ့သည်။

အဆိုပါသုံးည တရားပွဲ၌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ပါဝင်ခြင်းကြောင့် တရားပွဲ ကျင်းပခြင်းကို ခွင့်ပြုပေးခြင်း မရှိကြောင်း မြို့နယ်သံဃနာယကအဖွဲ့ထံမှ သိရသည်။

“တရားပွဲအတွက် အဆင့်ဆင့် လျှောက်တယ်။ ဆရာတော် ဦးဝီရသူ ပါဝင်လို့ တရားပွဲကို ခွင့်မပြုလိုက်ဘူး။ အခုတော့ တရားပွဲတစ်ခုလုံးကို ကျင်းပရေးကော်မတီက ဖျက်သိမ်းလိုက်ပါပြီ” ဟု ဦးဉာဏိဿရာလင်္ကာရက မိန့်ကြားသည်။

ဆရာတော် ဦးဝီရသူကို မတ်လ ၁၀ ရက်နေ့၌ တရားဟောခွင့် တစ်နှစ်ပိတ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က မတ်လ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ဆရာတော် ဦးဝီရသူသည် မတ်လ ၁၁ ရက်၌ ဧရာဝတီတိုင်းဒေသကြီး၌ လည်းကောင်း မတ်လ ၁၅ ရက်၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ လည်းကောင်း ပါးစပ်ကို တိပ်ကပ်၍ ဝစီပိတ် ဓမ္မသဘင် ပြုလုပ်ခဲ့သည်။        

J-07