News

POST TYPE

EDITOR PICK POST

ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ရန်ကုန်တွင် ဆုတောင်းပွဲ ယနေ့လုပ်မည်
24-Feb-2017 tagged as ဦးဝီရသူ

မန္တလေး၊ ဖေဖော်ဝါရီ ၂၃

ထိုင်းနိုင်ငံရှိ ဓမ္မကာယကျောင်းမှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ  ဆရာတော် အရှင်ဝီရသူ ဦးဆောင်သော ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၂၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့၌ ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

“ထိုင်းနိုင်ငံမှာ ဘုန်းကြီးတို့ ဗုဒ္ဓသာသနာတော်ကို အစိုးရကိုယ်တိုင် ကျူးလွန်စော်ကားနေတာ တွေ့ရတယ်။ အဲဒီလို ကျူးလွန်စော်ကားခံနေရတဲ့ သံဃာတွေ ဘေးဒုက္ခမှ လွတ်မြောက်အောင် ဆုတောင်းပွဲ ကျင်းပတာ ဖြစ်တယ်” ဟု ဦးဝီရသူက မိန့်ကြားသည်။

ထိုင်းသံဃာများနှင့် ရဲများအကြား အကြမ်းဖက် တွန်းထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော် အရှင်ဝီရသူ ဦးဆောင်ကာ အမျိုးဘာသာ စောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့၊ မျိုးချစ်လူငယ်မောင်မယ်များ၊ မျိုးချစ်သမဂ္ဂအဖွဲ့ ပူးပေါင်းသည့်  အင်အား ၂၀၀ ကျော်ဖြင့် ဖေဖော်ဝါရီလ  ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း မန္တလေး မဟာမုနိဘုရားရုပ်ပွားတော်ရှေ့တွင် မေတ္တသုတ် အပါအဝင် သုတ္တန်များ ရွတ်ဖတ်၍ မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့သေးသည်။

အဆိုပါအဖွဲ့သည် မဟာမုနိဘုရား ပရိဝုဏ် အပြင်ဘက်မှနေ၍ မဟာမုနိ ဘုရားတစ်ပတ် လမ်းလျှောက်၍ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြသည်။ 

ဘာသာရေး အကြောင်းပြ၍ စီးပွားရေး သောင်းကျန်းနေသည်ဟု ဆိုကာ ဓမ္မကာယစေတီ ရှိရာ ကျောင်းတိုက်ကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းရာမှ သံဃာတော်များနှင့် ရဲတပ်ဖွဲ့တို့အကြား တွန်းထိုးတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြသည်။   

M-01