News

POST TYPE

EDITOR PICK POST

ကျောင်းပြန်ဖွင့်တဲ့အခါ သင့်ကလေးကို မှာလိုက်ရမယ့်အချက်တွေ
19-Jul-2020


ပထမဦးစွာမိမိတို့ရဲ့ကလေးတွေကို ကိုဗစ် ၁၉ နဲ့ပတ်သတ်ပြီး သိရှိသင့်တဲ့အချက်တွေကိုပြောပြထားသင့်ပါ တယ်။ကျောင်းမဖွင့်မီအချိန်ကတည်းက ကလေးတွေကိုဘာပဲကိုင်ကိုင်ပြီးတာနဲ့လက်ဆေးတဲ့အကျင့်လေးကို ကြိုတင်မွေးမြူပေးသင့်တယ်။တစ်ဆက်တည်း လက်ဆေးခြင်းကနေ ကိုဗစ်(၁၉)ကိုဘယ်လိုကာကွယ်နိုင် တယ်ဆိုတဲ့အကြောင်း၊အပြင်သွားတာနဲ့နှာခေါင်းစည်းများတပ်သင့်တဲ့အကြောင်း၊နှာခေါင်းစည်းတွေကိုစွန့် ပစ်တဲ့နေရာမှာလည်း တွေ့တဲ့နေရာမှာပြီးစလွယ်မလွှင့်ဘဲ စနစ်တကျလွှင့်ပစ်ဖို့လိုတဲ့အကြောင်းစသည်ဖြင့် ပြောပြထားသင့်ပါတယ်။ လက်ဆေးတဲ့အခါတွင်လည်းနည်းလမ်းတကျလက်ဖမိုး၊လက်ချောင်း၊လက်သည်းအားလုံးအပါအဝင် စက္တန့်(၂၀)လက်ဆေးနည်းအတိုင်းဆေးတတ်ဖို့သင်ကြားပေးထားသင့်တယ်။လက်ဆေးရာတွင်ရေပဲမက ဆပ်ပြာနှင့်ပါဆေးကြောဖို့လည်းသတိပေးထားရပါမယ်။အကယ်၍ရေမလွယ်ပါက အယ်လ်ကိုဟောပါဝင်မှု နည်းသောလက်သန့်ဆေးရည်များကိုအသုံးပြုစေရပါမယ်။

ကလေးတွေကိုကျောင်းရောက်တဲ့အခါမှာ အရင်အချိန်တွေတုန်းကလို တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ် မနေဘဲ ခပ်ခွာခွာနေရမယ်ဆိုတဲ့အကြောင်း၊ပြီးဆရာမတွေရဲ့စကားကိုတသွေမသိမ်းလိုက်နာရမယ့်အချိန်ဖြစ် တဲ့အကြောင်းတွေလည်းပြောပြထားသင့်ပါတယ်။

မုန့်စားဆင်းချိန်မှာလည်း ကလေးတွေကိုပူးပူးကပ်ကပ်မနေစေဖို့မှာကြားလိုက်သင့်ပါတယ်။အရင်အချိန်တွေ လိုမုန့်ဈေးတန်းတွေမှာ အုန်းအုန်းကြွက်ကြွက်ရှိနေလို့မဖြစ်တဲ့အကြောင်းပြောပြထားသင့်ပါတယ်။မိမိတို့ရဲ့ ကလေးတွေကိုMask တွေFace Shieldတွေစနစ်တကျသုံးတတ်ဖို့ပြောပြထားရပါမယ်။



အကယ်၍မိမိတို့ကလေးမှာဖျားနာခြင်း၊ချောင်းဆိုးခြင်းတွေဖြစ်လာခဲ့ရင် မိဘတွေကိုပြောထားဖို့မှာကြားထား သင့်ပါတယ်။ချောင်းဆိုး၊နှာချေတဲ့အခါမှာလည်း ပါးစပ်ကိုအုပ်ပြီးမှပြုလုပ်ဖို့မှာကြားထားရပါမယ်။မူလတန်းက လေးလေးတွေအတွက်ကတော့ ကိုဗစ်(၁၉)နဲ့ပတ်သတ်တဲ့သီချင်းတွေဆိုပြီး သီချင်းတွေရဲ့အဓိပ္ပါယ်ကိုကြို တင်ပြီးရှင်းပြထားသင့်တယ်။

မိမိတို့အိမ်မှကလေးများကိုအခြားကလေးများနှင့်ရောနှောကာဆော့ကစားခြင်းမျိုးကိုလည်းယခုကာလတွင် ရှောင်ကြဉ်ခိုင်းထားရမယ်။ရှောင်ကြည်ခိုင်းတဲ့အကြောင်းကိုလည်း ကလေးများကိုနားလည်သဘောပေါက် စေရန်ရှင်းပြထားရပါမယ်။အထူးအားဖြင့်မိမိတို့၏ကလေးများနာမကျန်းဖြစ်ခြင်းရှိမရှိကိုအထူးစောင့်ကြည့်ရမည့်ကာလဖြစ်ပါတယ်။

ကလေးများနှာစေး၊ချောင်းဆိုးဖြစ်လာသည့်အခါ တစ်ရှုးသုံးတတ်စေရန်လည်းသင်ကြားထားသင့်တယ်။ ကလေးများထိတွေ့မှုများတဲ့တံခါး၊ကလေးကစားစရာ၊ကလေးများနှင့်လက်လှမ်းမှီသမျှအရာအားလုံးကိုကိုင်ပြီးတဲ့အခါတိုင်းလက်ဆေးဖို့လိုကြောင်းပြောပြထားသင့်ပါတယ်။ကလေးတွေရဲ့တစ်ကိုယ်ရေသုံးပစ္စည်းများ ဖြစ်တဲ့ရေခွက်၊မျက်နှာသုတ်ပုဝါ၊အိပ်ရာများကိုလည်းစနစ်တကျထားရှိပေးကာပိုးသတ်ခြင်း၊နေလှန်းခြင်းများ ပြုလုပ်ပေးထားသင့်ပါတယ်။ကျောင်းမှာလည်းမိမိတို့ရဲ့အသုံးအဆောင်တွေကိုအခြားသူတွေရဲ့ပစ္စည်းတွေနဲ့ ရောနှောမထားဖို့မှာကြားလိုက်သင့်ပါတယ်။

ကိုဗစ်ကာလအတွင်းကလေးများပျင်းရိခြင်းမဖြစ်စေရန် ဝါသနာပါရာတစ်ခုခုကိုလုပ်ခိုင်းထားရပါမယ်။အရင်ကာ လတွေလိုမဟုတ်ဘဲ ကျောင်းကိုအချိန်ခွဲတက်ရမှာဖြစ်တဲ့အတွက်မိမိတို့ကလေးတွေမပျင်းရအောင်၊ကျောင်း မှာပျော်အောင် မိမိတို့၏ကလေးတွေကိုပန်းချီဆွဲခြင်း၊ရေကူးခြင်း၊စာဖတ်ခြင်း၊ပုံပြင်နားထောင်ခြင်း၊သီချင်းဆို ခြင်းများကိုပြုလုပ်ပေးရပါမယ်။ 

ကိုဗစ်မှကင်းဝေးစေဖို့ကလေးတွေကိုလူစည်းကားတဲ့နေရာများ၊မှန်လုံကားများအတွင်းခေါ်ဆောင်ကာခရီး ထွက်ခြင်း၊လူများတဲ့စားသောက်ဆိုင်များ၊လေလုံသောအခန်းများ၊ဟောခန်းမအတွင်းအလှူ၊ဘာသာရေး၊ ဆုတောင်းပွဲများသို့ခေါ်ဆောင်သွားခြင်းမျိုးအထူးရှောင်ရှားပါမယ်။ကိုဗစ်ကာလမှာ ကလေးတွေကိုသတိထား သင့်တဲ့အရာတွေကိုသတိထား၊လိုက်နာသင့်တဲ့အရာတွေလိုက်နာဖို့ပြောကြားထားမယ်ဆို ကျောင်းလွှတ်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။