POST TYPE
EDITOR PICK POST
လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲခံရသူ အမျိုးသမီးက ခင်ပွန်းကို သံတုတ်ဖြင့်ရိုက်သတ်
01-Jun-2019
ရန်ကုန်၊ ဇွန် ၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ချော်ကုန်းကျေးရွာတွင် မေ ၃၁ ရက် ညပိုင်းက လင်မယားနှစ်ဦး စကားများရန်ဖြစ်စဉ် လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုခံရသည့် အမျိုးသမီးက ၎င်း၏ခင်ပွန်းအား သံတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သံတုတ်ဖြင့် ရိုက်သတ်ခံရသူ အသက် ၅၃ နှစ် ဦးအုန်းငွေ(ခ)ဦးတူးမှာ အခင်းဖြစ်ည ၉ နာရီခန့်က လယ်တဲတွင် အတူနေထိုင်သည့် ၎င်း၏ဇနီး အသက် ၃၈ နှစ် မစန်းစန်းဦးနှင့် တစ်ယောက်တစ်ခွန်း စကားများ ရန်ဖြစ်စဉ် ၎င်းက မစန်းစန်းဦးအား လူမှုရေးဖောက်ပြန်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
စွပ်စွဲပြောဆိုခံရသူ မစန်းစန်းဦးမှ နေအိမ်တဲပေါ်ရှိ သံတုတ်ဖြင့် ခင်ပွန်းဖြစ်သူ ဦးအုန်းငွေ(ခ) ဦးတူး၏ ဦးခေါင်းနောက်စေ့အား ရိုက်နှက်ခဲ့သောကြောင့် ဦးအုန်းငွေမှာ အခင်းဖြစ်နေအိမ်တဲပေါ်တွင်သေဆုံးခဲ့ပြီး မှော်ဘီမြို့မ ရဲစခန်းမှ မစန်းစန်းဦးကိုဖမ်းဆီး၍ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
18-Jan-2021
-
18-Jan-2021
-
18-Jan-2021
-
18-Jan-2021
-
18-Jan-2021
-
18-Jan-2021