News

POST TYPE

EDITOR PICK POST

ဆီးရီးယားမှာ လင်မယားကွာရှင်းနှုန်းများလို့ ရုပ်ရှင်ရိုက် ပညာပေးမည်
05-May-2019

ခွဲခွာကြခြင်းရဲ့ ဆိုးရွားလှတဲ့ ရိုက်ခတ်မှုတွေကို ရုပ်ရှင်တစ်ကားရိုက်ပြပြီးတော့ အိမ်ထောင်ကွဲကြတာတွေကို တားဆီးမယ်လို့ ဆီးရီးယား တရားရေးဝန်ကြီးက ပြောကြားပါတယ်။ အဆိုပါ ဗီဒီယိုမှတ်တမ်းကားထဲမှာ မိဘများ ကွဲကြခြင်းကြောင့် လမ်းမတွေပေါ်မှာ ပစ်ထားခံရတဲ့ကလေးတွေ၊ ထောင်ကျတဲ့ကလေးတွေရဲ့ ဘဝတွေကို ပြသသွားမယ်လို့ ဝန်ကြီးဟီရှန်အယ်ရှာက ပြောကြားပါတယ်။ ဒီသတင်းကို လူမှုကွန်ရက်ပေါ်က သတင်းဌာနတစ်ခုက ဖော်ပြထားပြီး အောက်မှာတော့ မှတ်ချက်ပေါင်း များစွာ ရရှိထားကာ တော်တော်များများက ပြောင်လှောင်ထားကြတာဖြစ်ပါတယ်။

“ရိုက်ကူးမယ့်ရုပ်ရှင်ကားရဲ့ အမည်ကတော့ မိထွေးတော် ဖြစ်ပါတယ်”ဆိုပြီး မှတ်ချက်တစ်ခုက ဟာသလုပ်ထားပါတယ်။

“ဒါက ကောင်းမွန်တဲ့အကြံပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်ပါတယ်”လို့ ပြောကြသူများလည်း ရှိပါတယ်။

စစ်ဘေးဒဏ်၊ နိုင်ငံရေးအုံကြွမှုတွေရှိနေတဲ့ ဆီးရီးယားမှာ စီးပွားရေးလည်း ကျပ်တည်းနေတာကြောင့် အိမ်ထောင်ရေးမပြေလည်မှုများ အမှန်တကယ် မြင့်တက်နေပါသတဲ့။

F-02