News

POST TYPE

EDITOR PICK POST

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး ကောင်းမှုတော်စေတီသို့ရောက်
19-Mar-2019

မန္တလေး၊ မတ် ၁၉

ကမ္ဘာ့အကြီးဆုံး သစ်ထွင်းစည်တော်ကြီး စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ကြီးသို့ မတ်လ ၁၉ ရက်နေ့က ရောက်ရှိလာခဲ့သည်။

ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာမှ “ဆရာပွဲ”မြန်မာတူရိယာ အမျိုးမျိုးလုပ်ငန်းက ကုက္ကိုလ်သားဖြင့် ပြုလုပ်သည့် ယင်းစည်တော်ကြီးကို ကောင်းမှုတော်စေတီတော်၏ အရှေ့တောင်ထောင့် မဟာဗောဓိဓမ္မာရုံအနီးတွင် အဆောက်အအုံ၌ ချိတ်ဆွဲထားမည်ကြောင်း ယင်းကောင်းမှုတော်စေတီဂေါပက အဖွဲ့ထံမှ သိရသည်။

ယင်းစည်တော်ကို မတ်လ ၁၈ ရက်နေ့က ကောလင်းမြို့မှ ရွှေဘိုမြို့သို့ သယ်ဆောင်ခဲ့ပြီး ရွှေဘိုမြို့ရှိ ချမ်းသာကြီးဘုရားတွင် ညအိပ်ရပ်နားကာ တရားပွဲကျင်းပခဲ့ကြောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့မှ စစ်ကိုင်းမြို့ ရာဇမဏီစူဠာကောင်းမှုတော်စေတီတော်သို့ သယ်ဆောင်ခဲ့သည်။

စည်တော်ကြီး အရွယ်အစားမှာ အရှည် (၁၀) ပေ၊ (၈) လက်မ၊ စည်တော်မျက်နှာပြင် ထိပ်ဝတစ်ဖက်လျှင် အကျယ် (၅) ပေ၊ (၄) လက်မရှိပြီး စည်တော်ကြီး အလယ်နေရာမှာ ၆၄ လက်မရှိကြောင်း ယင်းစည်တော်ကို အင်းတော်သင်္ချိုင်းကုန်းဖျက်ရာမှ ရရှိလာသည့် ကုက္ကိုလ်သားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာပွဲ မြန်မာတူရိယာ အမျိုးမျိုးလုပ်ငန်းထံမှ သိရသည်။

စည်တော်ကြီး၏အလယ်တွင် ကျန်သည့် သစ်သားစည်နေရာအပိုင်းကို မြတ်စွာဘုရား၏ (၁၀၈) ကွက်သော ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ကြည်ညိုဖွယ်ရာဖြစ်အောင် ပြုလုပ်ထားပြီး စည်အတွင်းပိုင်းတွင် ဂါထာများ၊ ဗာမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ ထွင်းထုထားကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

M-04