POST TYPE
EDITOR PICK POST
သုံးဆယ်မြို့တွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်
02-Mar-2019
တိုက်ကြီး၊ မတ် ၂
ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့ ရွာမကျေးရွာအုပ်စု ရွာမကျေးရွာ၌ မတ်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့် အချိန်က နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ကြောင်း သုံးဆယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေအိမ်အောက်ထပ် အခန်းအတွင်း၌ အသက် ၆၇ နှစ်အရွယ်ရှိ ဒေါ်ခင်စန်းမူသည် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေပြီး အိမ်အနောက်ဘက် တစ်ဖာလုံခန့်အကွာ၌ ယင်းအိမ်မှ လယ်စာရင်းငှားဖြစ်သူ ဦးဝါးဝါး ၄၇ နှစ်သည် လက်ပြန်ကြိုးတုပ်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲကြေးနန်းအရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းနေပြီဖြစ်ကာ (ပ) ၁၃၈/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပေးထားကြောင်း သုံးဆယ်မြို့မ ရဲစခန်းထံမှ သိရသည်။
R-19
- VIA
- Voice Admin
- SOURCES
- The Voice
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021