POST TYPE
EDITOR PICK POST
ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်ကို ပုဒ်မ ၂ ခုဖြင့် စွဲချက်တင်
10-Sep-2018

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့်သာ စစ်ဆေးအရေးယူရန် စစ်တွေခရိုင်တရားရုံးက ယနေ့ စက်တင်ဘာ ၁၀ ရက် ရုံးချိန်းတွင်အမိန့်ချလိုက်သည်။
၎င်းတို့သည် ရသေ့တောင်မြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးသောနေ့ အထိမ်းအမှတ်ပွဲ၍ စာပေဟောပြောရာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။
ထိုသို့စွဲထားသည့်အနက် မတရားအသင်းဆက်သွယ်မှုပုဒ်မအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ဂ) ကိုလည်း ယနေ့ရုံးချိန်းတွင် တရားရုံးက ဖြေလျှော့ပေးခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ပုဒ်မ ၁၂၂ နှင့် ၅၀၅ (ခ) အရသာ စစ်ဆေးသွားတော့မည်ဖြစ်သည်။
R-22
- VIA
- Thura Htun
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019