News

POST TYPE

EDITOR PICK POST

ဘင်္ဂါလီပြဿနာနှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ICC ကြေညာချက်ထုတ်
07-Sep-2018
အိုင်စီစီ-ရန်ကုန်၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီများကို လူမျိုးဖြုတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး ယင်းလူမျိုးများအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မိမိတို့တွင် စုံစမ်းဖော်ထုတ်ကာ တရားစီရင်ပိုင်ခွင့်ရှိသည်ဟု နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြသည်။ 

ဘင်္ဂါလီမွတ်ဆလင် ဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂက မြန်မာတပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များကို လူမျိုးဖြုတ်ရှင်းလင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ရာဝတ်ကျူးလွန်မှုတို့ဖြင့် စုံစမ်းဖော်ထုတ်အရေးယူသင့်သည်ဟူသော အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ခန့်အကြာတွင် ICC က ယခုလိုကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။ 

ICC ၏ ဥပေဒေရေးရာအရာရှိနှင့် ရှေ့နေဖြစ်သူ ဖာတိုဘန်ဆိုဒါက ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပြုတင်ပြခဲ့ပြီးနောက် တရားသူကြီးသုံးဦးပါဝင်သည့် ပဏာမတရားစီရင်ရေးခုံအဖွဲ့က ယင်းသို့ ဆုံးဖြတ်ချက်ချမှတ်ကာ ကြေညာလိုက်ခြင်းလည်းဖြစ်သည်။ 

မြန်မာနိုင်ငံသည် သည်ဟိတ် (Hague) အခြေစိုက် အဆိုပါနိုင်ငံတကာခုံရုံး၏ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ICC အနေနှင့် တရားစီရင်ပေးနိုင်ကြောင်း၊ အကြောင်းမှာ စွပ်စွဲထားသည့် ရာဇဝတ်မှုနှင့်ပတ်သက်၍ အခရာကျသောကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်တွင် ဖြစ်ပွားခဲ့သောကြောင့်ဖြစ်ကြောင်း မစ္စဖာတိုဘန်ဆိုဒါက အဆိုပြုပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ICC ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ 

ယခုလို ICC ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ပတ်သက်၍ တုန်လှုပ်စရာဖြစ်သွားကြောင်း Financial Times သတင်းစာက ဖော်ပြသည်။ 

F-01


  • VIA