News

POST TYPE

EDITOR PICK POST

တောင်တွင်းကြီး၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်၊ တပ်မတော်သား တစ်ဦးသေဆုံး
ချောက်၊ သြဂုတ်​၃၁ရက်

မ​ကွေးတိုင်း​ဒေသကြီး တောင်​တွင်းကြီးမြို့ တောင်​ပြင်​ (၂) ရပ်​ကွက်​ မြို့နယ်​တရားရုံး​ရှေ့တွင်​ သြဂုတ်လ ၃၁ ရက် နံနက်​ ၄ နာရီအချိန်​ခန့်​က ကုန်တင်ကားနှင့်​ ဆိုင်​ကယ်​တိုက်​မိ၍ ဆိုင်​ကယ်​စီးနင်းသူ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး သေဆုံးသည်ဟု တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ အရှေ့ဘက်မှ မောင်းနှင်းလာသည့် တောင်တွင်းကြီးမြို့ တောင်ပြင်-၂ ရပ်ကွက်နေသူ အစိမ်းရောင်ကုန်တင်ကား ယာဉ်မောင်း ဦးမြင့်ဦး (၄၅) နှစ် မောင်းနှင်လာသည့်ယာဉ်အား ဆိုင်ကယ်မှ လမ်းပြောင်းပြန်ကျော်တတ်မောင်းနှင်ရာ အရှိန်မထိန်းနိုင်ဘဲ ကုန်တင်ကား၏ ဝဲဘက်အရှေ့ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်မှာ ကားရှေ့သို့လဲကျသွားရာ ကား၏ ဝဲဘက် နောက်ဘီးဖြင့် ဆိုင်ကယ်မောင်းနှင်လာသူ ဆင်ပေါင်ဝဲမြို့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ good ( A)/ ထုတ်လုပ်ရေးဌာနစခန်းမှ တပ်ကြပ်ကြီး တင်​​အောင်​သန်း (၃၅) နှစ်သည် ၄င်းနေရာတွင် သေဆုံးခဲ့သည်ဟု အဆိုပါစခန်းမှ သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ တပ်ကြပ်ကြီး တင်အောင်သန်းနှင့် ယာဉ်မောင်း ဦးမြင့်ဦးအား တောင်တွင်းကြီးမြို့မရဲစခန်း (ပ) ၄၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု ယင်းစခန်းမှသိရှိသည်။

R-24