POST TYPE
EDITOR PICK POST
နည်းပညာတက္ကသိုလ် (မန္တလေး) အင်ဂျင်နီယာကျောင်းသားများ ရေမှတ်တိုင်းစက် တီထွင်စမ်းသပ်
12-Jul-2018

မန္တလေး၊ ဇူလိုင် ၁၁
နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ပညာသင်ကြားနေသော အင်ဂျင်နီယာ ကျောင်းသားများဖြင့်ဖွဲ့စည်းထားသည့် Magma Science Electronic အဖွဲ့က ဆည်များ၊ မြောင်းများ၊ ရေလှောင်တမံများ၏ ရေမှတ်ကို အလိုအလျောက် တိုင်းတာနိုင်မည့် နည်းပညာပစ္စည်းတစ်ခုကို ဇူလိုင်လ ၁၀ ရက်နေ့တွင် စမ်းသပ်ခဲ့သည်။
“ကျွန်တော်တို့ဆီက ဆည်တွေကနေ ရေလွှတ်တာ၊ ရေပေးဝေရာမှာ ပြဿနာက လယ်သမားတွေက ရေမရဘူးဆိုတဲ့ Complaint လာရင် လူကိုယ်တိုင်သွားပြီးတော့ ရေတိုင်းမှတ်ရှိတဲ့နေရာကို ကြည့်ရတယ်။ အခုကျွန်တော်တို့ ထွင်လိုက်တဲ့စက်က အချိန်တစ်ခု သတ်မှတ်ပြီးတော့ ဖုန်းနံပါတ်နှစ်ခုကို စာပို့ပေးမှာ”ဟု Megma Science Electronic အဖွဲ့မှ ကိုမိုးမြင့်ကျော်က ပြောကြားသည်။
ဆည်များ၊ မြောင်းများ၏ ရေမှတ်များကို လူကိုယ်တိုင်ကြည့်ရှုတိုင်းတာနေရန်မလိုဘဲ အချိန်တစ်ခုသတ်မှတ်ကာ တိုင်းတာပြီး လက်ကိုင်ဖုန်းနှင့်ကွန်ပျူတာများထံ အလိုအလျောက်ပို့ပေးမည့် ပရိုဂရမ်များ ထည့်သွင်းထားကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါစက်ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးရမည်ဖြစ်ရာ လျှပ်စစ်ခက်ခဲသည့်နေရာများတွင် ဆိုလာပြားဖြင့်ချိတ်ဆက်ကာ ဘက်ထရီအိုးကို အားသွင်း၍လည်း အသုံးပြုနိုင်သည်။
လက်ရှိတွင် ယင်းစက်ကို စမ်းသပ်နေပြီး ထပ်မံအဆင့်မြှင့်မှုများပြုလုပ်ရန် ရှိနေသေးသော်လည်း လက်ရှိအနေအထားဖြင့်လည်း အသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း Magma အဖွဲ့က ပြောဆိုသည်။
ဆည်မြောင်းဝန်ကြီးဌာနက လက်ရှိအသုံးပြုနေသော ရေတိုင်းတာမှုစနစ်သည် ရေတိုင်းမှတ်များရေးဆွဲထားသည့် တိုင်များကို အကွာအဝေး သတ်မှတ်ချက်ဖြင့် စိုက်ထူတိုင်းတာနေခြင်းဖြစ်ရာ ရေအမြင့်ကိုသိရှိရန်အတွက် ယင်း ရေတိုင်းမှတ်ထံ တာဝန်ရှိသူများကိုယ်တိုင် သွားရောက်ကြည့်ရှုနေရသည့် စနစ်ဖြစ်သည်။
M-04
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021