News

POST TYPE

EDITOR PICK POST

နိဒင် IDP စခန်းမှ ဘင်္ဂါလီ ၂၅၀ ကျော် ပြောင်းရွှေ့
08-Jul-2018

စစ်တွေ၊ ဇူလိုင် ၇ 

ကျောက်တော်မြို့နယ်၌် ပိတ်သိမ်းနေသော နိဒင်ဘင်္ဂါလီ IDP စခန်းတွင် မေလကုန်မှစ၍ ဇူလိုင်လ ၇ ရက်အထိ ဘင်္ဂါလီ ၂၅၀ ကျော် ပြောင်းရွှေ့နေကြောင်း ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ပြောသည်။ 

အဆိုပါစခန်းတွင် အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၀၀ ကျော်နေထိုင်ပြီး နိဒင်စခန်းအနီးတွင်ပင် ပေ ၂၀ပတ်လည် ဝါးထရံကာ သွပ်မိုးလုံးချင်းအိမ် ၈၅ လုံးကို ဆောက်လုပ်လျက်ရှိကြောင်း၊ အိမ်များကို မဲစနစ်ဖြင့် ရွေးချယ်ကာ နေရာချပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။ 

“သူတို့ပြဿနာ မဖြစ်ခင်ကတော့ လယ်မလုပ်ကြဘူး၊ လက်လုပ်လက်စားတွေများတယ်၊ စခန်းမှာနေတော့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့နေကြတာကိုး၊ သူတို့ အိမ်ရတော့လည်း သူတို့နေထိုင်ဖို့အတွက် သူတို့သဘောအတိုင်း လုပ်စရာရှိတာလုပ်ပြီး ပြောင်းနေကြတာပေါ့”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် ဒုက္ခသည်များ ခိုလှုံရန် စခန်းများ ဖွင့်လှစ်ထားသည့်အနက် စစ်တွေမြို့ရှိ ဆတ်ရိုးကျ IDP စခန်း ၊ စက်ရုံစု IDP စခန်းများကို ပိတ်သိမ်းခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်မှစ၍ ကျောက်ဖြူမြို့မှ ရခိုင် IDP စခန်း၊ ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသား IDP စခန်းနှင့် ပေါက်တောမြို့နယ်အတွင်းမှ ဘင်္ဂါလီ IDP စခန်းတို့ကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

R-22