News

POST TYPE

EDITOR PICK POST

လှေစီးဘင်္ဂါလီ ၁၀၀ ကျော် ရသေ့တောင်အနီးတွင် ဖမ်းမိ
12-Jun-2018

စစ်တွေ၊ ဇွန် ၁၁

ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာအနီး ကမ်းခြေ၌ ဇွန်လ ၁၁ ရက် နံနက်ပိုင်းက လှေစီးလာသော ဘင်္ဂါလီလူမျိုး ၁၀၄ ဦးကို ဖမ်းမိခဲ့ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ ဘင်္ဂါလီများသည် စက်လှေဖြင့် သွားနေကြရာမှ စက်လှေပျက်၍ ကမ်းပေါ်သို့ လာရောက်နေစဉ် ကျေးရွာဒေသခံများက မြင်တွေ့ကာ သက်ဆိုင်ရာထံ အကြောင်းကြားပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ရှင်းပြသည်။

“ဘင်္ဂါလီ စကားပြောတတ်တဲ့ သူတွေနဲ့မေးကြတော့ တစ်ယောက်က ဘင်္ဂလားဒေ့ရှ်က၊ တစ်ယောက်က မောင်တောက၊ ဒုက္ခသည်စခန်းက အဲဒီလို သူတို့ပါးစပ်က တစ်ယောက်တစ်မျိုး ထွက်ကြတယ်။ မြန်မာစကားတတ်တာ တစ်ယောက်ပဲပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဖမ်းမိသော ဘင်္ဂါလီများမှာ ကျား ၄၄ ဦး၊ ၆၀ ဦးတို့ဖြစ်ပြီး ကလေးများလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို ဆက်လက်စစ်ဆေးရန် မောင်တောမြို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း ၎င်းထံမှသိရသည်။ 

ဘင်္ဂါလီများ ဖမ်းမိမှုနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲသေ့တောင်မြို့နယ် ရဲစခန်းတို့ကလည်း မောင်တောမြို့သို့ ခေါ်ဆောင်သွားကြောင်း ပြောကြားသဖြင့် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မောင်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

R-22

  • VIA