News

POST TYPE

EDITOR PICK POST

မြန်အောင်တွင် တောရိုင်းတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖမ်းမိ
08-Jun-2018


မြန်အောင်၊ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းတွင် ဆင်စွယ်အပါအဈင် တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဂျိုအစုံပါ တိရစ္ဆာန်ဦးခေါင်းပေါင်း ၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အင်ပင်နယ်မြေရဲခစန်းမှ စခန်းမှူး ရဲအုပ်ဟန်ဇော်ထွန်းက ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေအိမ်တစ်အိမ်တွင် တောရိုင်းတိရစ္ဆာန်များအား သိုလှောင် ရောင်းချနေကြောင်း သတင်းရရှိ၍ ဧရာတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြို့နယ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်စစ်ဆေးရာမှ ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းကြောင်း ၎င်းထံမှသိရှိရသည်။

“ဖမ်းဆီးရမိထားပါတယ် လောလောဆယ် 
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်"ဟု မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဟန်ဇော်ထွန်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးသိန်းဇော်အား (ပ) ၉၅/၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၄၁ (က) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများမှာ ဂျိုအစုံလိုက်ပါရှိကြသော ပြောင်ခေါင်း (၃၆)ခေါင်း၊ စိုင်ခေါင်း (၃) ခေါင်း၊ ဆတ်ခေါင်း (၇) ခေါင်း၊ သမင်ခေါင်း (၁) ခေါင်း၊ တောင်ဆိတ် (၂) ခေါင်း၊ ဝံခေါင်း (၂) ခေါင်း၊ ကျားဝက်အရိုးစုံ (၂) စုံ၊ ကျားဝက်သားရေ (၁) ချပ်၊ ဝက်ဝံသားရေ (၁) ချပ်၊ ဆင်စွယ်(၁) စုံ၊ ပြောင်းသည်းခြေ (၂) ခု၊ ပြောင်ချိုအခွံ (၃) စုံ၊ ဖြူအစာအိမ် (၁) ခု၊ တောင်ဆိတ်ခွာ (၃) ခု၊ တို့ဖြစ်ကြောင်း အင်ပင်နယ်မြေရဲခစန်းမှ သိရှိရသည်။

M-06