News

POST TYPE

EDITOR PICK POST

ဧရာဝတီတိုင်းတွင် တစ်နှစ်ခွဲခန့်အတွင်း ရဲတပ်ဖွဲ့ဝင် ၉၀ ကျော်နုတ်ထွက်
ပုသိမ်၊ မေ ၆ 

ဧရာဝတီတိုင်းတွင် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၁၈ ဧပြီလကုန်အထိ တစ်နှစ်ကျော်ကြာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရဲတပ်ဖွဲ့ဝင် ၉၀ ကျော် နုတ်ထွက်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

ရဲတပ်ဖွဲ့ဝင်များအနေနှင့် လုပ်သက် ၅ နှစ်ပြည့်ပြီး အကြောင်း အမျိုးမျိုးဖြင့် နုတ်ထွက်ခွင့် တင်ပြလာပါက ရဲစည်းကမ်းဖြင့် အရေးယူခံရခြင်း ရှိ မရှိ စစ်ဆေးကာ နုတ်ထွက်ခွင့်ပြုကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အရာရှိ ၅ ဦး၊ အခြားအဆင့် ၆၁ ဦး စုစုပေါင်း ၆၆ ဦးတို့ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အခြားအဆင့် ၂၆ ဦးကို နုတ်ထွက်ခွင့်ရရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

နုတ်ထွက်ခွင့် တင်ပြသည်များကို အချိန်နှင့်တစ်ပြေးညီ တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြရန်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ ဆက်လက် တင်ပြကြောင်း၊ နုတ်ထွက်ခွင့်ရပါကလည်း အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့များထံ ထပ်ဆင့်မိန့်ပြန်လည်ထုတ်ပေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။