News

POST TYPE

EDITOR PICK POST

လူငယ်သင်တန်းကျောင်းမှ လူငယ် ၁၂၀ ကျော်ကို သက်မွေးပညာသင်ပေးမည်
04-May-2018

မန္တလေး၊ မေ ၃

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှ လူငယ်သင်တန်းသား ၁၂၀ ကျော်ကို ယခုလလယ်ပိုင်းကစ၍ သက်မွေးဝမ်းကျောင်းပညာများ သင်ကြာပေးမည်ဖြစ်ကြောင်း ယင်းသင်တန်းကျောင်း ကျောင်းအုပ် ဦးမောင်မောင်က ပြောကြားသည်။

သင်တန်းသားလူငယ်များ စိတ်ခွန် အားဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ဆိုင်ကယ်ပြင် သင်တန်း၊ စက်ချုပ် သင်တန်း၊ ဝရိန်ဆော် သင်တန်းများကို မေလ ၁၅ ရက်မှ စက်တင်ဘာလကုန်ထိ သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါလူငယ်သင်တန်းကျောင်း၌ တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရဆဲ အသက် ၁၆ နှစ်အောက်လူငယ်များ၊ အမှုရင်ဆိုင်ပြီး လူငယ်များ၊ ကလေးသူငယ် ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း လူငယ်သင်တန်းကျောင်းရှိ စာရင်းများအရ သိရသည်။

M-05