News

POST TYPE

EDITOR PICK POST

တောင်ငူ နည်းပညာတက္ကသိုလ် ကျောင်းတွင်းသင်္ကြန်ပွဲ ကျင်းပ
13-Mar-2018



တောင်ငူ၊ မတ် ၁၂

ပဲခူးတိုင်း တောင်ငူမြို့နယ် ကေတုမတီမြို့သစ်အနီးရှိ နည်းပညာတက္ကသိုလ် (တောင်ငူ) ၏ ကျောင်းတွင်းသင်္ကြန်ပွဲကို မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း ယင်းသင်္ကြန်ပွဲကို ဦးဆောင်ကျင်းပသည့် ဦးရှိုင်းထက်ဇော်က ပြောကြားသည်။

“စာမေးပွဲနီးချိန် ကျောင်းသားတွေ စာကို စိတ်အေးချမ်းသာစွာနဲ့လုပ်နိုင်ဖို့၊ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ လုပ်နိုင်ဖို့ ဒီပွဲလေးကို စီစဉ်ခဲ့တာပါ။ ကျောင်းအုပ်ချုပ်ရေးပိုင်းက လိုချင်တဲ့ရက်ကိုကျင်းပခွင့် မပေးပေမယ့် ကျောင်းတွင်းမှာ အခမ်းအနားနဲ့ စည်စည်ကားကား ကျင်းပခွင့်ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ကျောင်းတွင်းသင်္ကြန်ပွဲကို ပြီးခဲ့သည့်နှစ်က စတင်ကျင်းပခွင့်ပေးခဲ့သော်လည်း သာမန်ကျောင်းသား၊ ကျောင်းသူများ ရေပက်ကစားခြင်းသာ ပြုလုပ်ခဲ့ပြီး ယခုနှစ်ကျင်းပသည့် သင်္ကြန်ပွဲတွင် စတုဒိသာကျွေးမွေးခြင်း၊ အဆိုအကများဖြင့် မေဂျာအလိုက် ဖျော်ဖြေတင်ဆက်ခြင်းများအပြင် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့မှ သံချပ်များဖြင့် ဖြေဖျော်မှုများ ပြုလုပ်ခဲ့သည်။

R-15


  • VIA