News

POST TYPE

EDITOR PICK POST

ဘင်္ဂလားဒေ့ရှ်ဘက်မှ ရခိုင်တိုင်းရင်းသား ၃၀ ကျော် မောင်တောသို့ ပြောင်းရွှေ့
စစ်တွေ၊ မတ် ၁၀ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သော ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၀ ကျော် မတ်လ ၈ ရက်က မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ် မော်တုတ်ကြီး ကျေးရွာနေ ဦးမဲတုတ် (၄၅ နှစ်) အပါအဝင် ၃၃ ဦး ဖြစ်ကြောင်း၊ ၎င်းတို့မှာ လက်ရှိတွင် အောင်သပြေကျေးရွာရှိ စာသင်ကျောင်းတွင်  နေထိုင်နေကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ 

၎င်းတို့မှာ ရခိုင်တိုင်းရင်းသားများဖြစ်သော်လည်း မြန်မာနိုင်ငံသားများ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးကြောင်း မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝင်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်လာသူများမှာ ကုန်းလမ်းမှဝင်ရောက်လာပြီး စားဝတ်နေရေးအတွက် အစိုးရက လုပ်ဆောင်ပေးထားကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို အစိုးရထံ တင်ပြထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

R-22