News

POST TYPE

EDITOR PICK POST

မူးယစ်ဆေးပြား ၂၈ သိန်းနှင့် ဘိန်းဖြူ ၄.၇ ကီလို မန္တလေးတွင် ဖမ်းမိ


မန္တလေး၊ မတ် ၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှ နေအိမ်တစ်ခုရှေ့တွင် ၄ ရက်ခန့် ရပ်နားထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၂၈ သိန်းခန့်နှင့် ဘိန်းဖြူ ၄.၇ ကီလိုဂရမ်ခန့်ကို ယနေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

၇၃ လမ်း၊ ခိုင်ရွှေဝါနှင့် ဇလပ်ဝါလမ်းကြားတွင် ရပ်နားထားသည့် Crown Royal soloon ယာဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါယာဉ်ပေါ်မှ ပီနံအိတ်ဖြင့်ထည့်ထားသည့် 88/1 ဆေးပြား ၁၀ သိန်း၊ WY ဆေးပြား ၁၈ သိန်း၊ ဘိန်းဖြူဆပ်ပြာခွက် ၁.၈ ကီလိုဂရမ်၊ ဘလောက်တုံး ဘိန်းဖြူ ၀.၇ ကီလိုဂရမ်၊ ဘိန်းဖြူ အထုပ် ၁.၈ ကီလိုဂရမ်၊ အိုက်စ် ၁ ကီလို၊ ဆိုဒီယံဟိုက်ဒရိုဆိုဒ် ၀.၁၅ ကီလိုဂရမ်၊ စုစုပေါင်း ဆေးပြား ၂၈ သိန်း၊ ဘိန်းဖြူ ၄.၇ ကီလို၊ ice 1 ကီလို၊ Sodium Hydroxide ၀.၁၅ ကီလိုတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦိးထံမှ သိရသည်။

ယင်းသို့တွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပက်သက်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့က စစ်ဆေးလျက်ရှိပြီး၊ တရားကိုလည်း စုံစမ်းလျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (မန္တလေး တောင်းပိုင်) တပ်ဖွဲ့ခွဲမှူး ရဲမှူး တီခေါင်လွမ်းက အတည်ပြုပြောကြားသည်။

M.04