News

POST TYPE

EDITOR PICK POST

အရက်သောက်မောင်းနှင်သူ YBS ၇၉ ယာဉ်မောင်းကို ရာသက်ပန်ထုတ်ပယ်
10-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ဗိုလ်တထောင်မှ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်အထိ ပြေးဆွဲ နေသည့် YBS ၇၉ ယာဉ်လိုင်းရှိ 5N/4952  ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်း သည် အရက်သေစာသောက်စားကာ ယာဉ်ကို မဆင်မခြင်မောင်းနှင်သဖြင့် ဇန်နဝါရီလ ဒုတိယပတ်က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း အဆိုပါယာဉ် လိုင်းထံမှ သိရသည်။

“ဖြစ်တာက ၁ ရက်နေ့ကပါ။ စည်းကမ်း ဖောက်ဖျက်တဲ့ဖြစ်စဉ်တွေကို တစ်စီးချင်းအလိုက် စိစစ်နေရလို့ အခုမှ အရေးယူဖြစ်တာပါ”ဟု အဆိုပါယာဉ် လိုင်းတာဝန်ရှိသူက ဆိုသည်။

ဇန်နဝါရီ ၁ ရက် ညနေ ၆နာရီခွဲခန့်က YBS ၇၉ ယာဉ်လိုင်းနံပါတ် 5N/4952 မောင်းနှင်သည့် ယာဉ်မောင်းသည် အရက်သေစာ သောက်စား၍ ယာဉ်ကို မဆင်မခြင် ရမ်းကားမောင်းနှင်ပြီး ခရီးသည်များအား ရိုင်းပျစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။

YBS ၇၉ ယာဉ်လိုင်းသည် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲသည့်ယာဉ်လိုင်းဖြစ်ပြီး အနောက်ပိုင်းတက္ကသိုလ်၊ ပေါက်ကုန်းအဝိုင်း၊ အနော် ရထာလမ်းမကြီး၊ သမကုန်းအဝိုင်း၊ ပုသိမ် လမ်း၊ ဘီအိုစီအဝိုင်း၊ ညောင်တုန်းလမ်း၊ မီးခွက်ဈေး၊ ပေါက်တောဝ၊ ဘုရင့်နောင် လမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်း၊ ချော်တွင်းကုန်း၊ စက်မှု(၁)၊ ဦးချစ်မောင်လမ်း၊ တာမွေအဝိုင်း၊ ကြက်ဘဲဈေး၊ ABC၊ ပုဇွန်တောင်ဈေး၊ လင်းစဒေါင်း ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။

J-06