POST TYPE
EDITOR PICK POST
ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပ
ရန်ကုန်၊ အောက်တိုဘာ ၁၈
၁၄ ကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုစောဂျက်ပစီက ပြောကြားသည်။
အဆိုပါပွဲကို Celebration and Panel Discussion about “Youth and politic” ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၁၈ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် လူငယ်နှင့် ဒီမိုကရေစီ နိုင်ငံရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ငြိမ်းချမ်းရေး ကဏ္ဍသုံးခုကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ကိုစောဂျက်ပစီက ပြောသည်။
“လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီးနောက်မှာ ဖမ်းဆီးချုပ်နှောင်းခံ ရတာတွေ သူတို့ ပညာရေးကဏ္ဍ၊ လူမှုပတ်ဝန်းကျင် အခက်အခဲတွေကို အဖြေရှာပေးနိုင်မလဲ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကဏ္ဍအသီးသီးမှ လူငယ် အယောက် ၆၀ ခန့် ဝင်ရောက် ဆွေးနွေးခဲ့ပြီး မေးခွန်း မေးမြန်းမှုများလည်း ပြုလုပ်ခဲ့ကြသည်။
လူငယ်နှင့်ပညာရေး ကဏ္ဍပိုင်းတွင် မြန်မာပြည်ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကဏ္ဍ၌ လိုအပ်ချက်များ ရှိနေသေးကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောကြားသည်။
“ကျွန်မကတော့ အမြဲယုံကြည်တယ်။ ပညာရေး လွတ်လပ်ခွင့်ပေးတဲ့ စနစ်မျိုး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်မယ်ဆိုရင် အဆင်ပြေမယ်”ဟု ၎င်းကဆိုသည်။
၂၀ဝ၃ ခုနှစ်က အာဖရိကတိုက်တွင် ပြုလုပ်သည့် လူငယ်လှုပ်ရှားမှု ပါဝင်သူများကို အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ “ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့”အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
J-18
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
02-Apr-2018