News

POST TYPE

EDITOR PICK POST

နေပြည်တော် ရဲမှူးကြီး အပါအဝင် ရဲမှူးကြီး ၇ ဦးကို ပြောင်းရွှေ့
ရန်ကုန်၊ အောက်တိုဘာ ၁၈

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် နေပြည်တော် ရဲမှူးကြီး အပါအဝင် ရဲမှူးကြီး ၇ ဦးကို သက်ဆိုင်ရာဌာနအလိုက် ပြောင်းရွှေ့တာဝန်များ ပေးအပ်ခဲ့ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်၏ နေရာတွင် ရဲလေ့ကျင့်ရေး ဌာနကြီး ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးကြီးထက်လွင်ကို ပြောင်းရွှေ့ ခန့်အပ်ခဲ့ပြီး နေပြည်တော် ရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ရွှေသောင်း၏နေရာတွင် အမှတ် (၄) လုံခြုံရေး ရဲကွပ်ကွဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးကြီး စိုးလင်းအောင်ကို ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

ရဲမှူးကြီး ဇော်ခင်အောင်မှာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးအဖြစ်လည်းကောင်း၊ ယာယီရဲမှူးကြီး ရွှေသောင်းမှာ မှုခင်းဌာန၊ ရဲဦးစီးဌာနကြီး ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခံရသည်။ 

“ဒီအပြောင်းအရွှေ့က အခြားကိစ္စတွေနဲ့ မဆိုင်ပါဘူး။ အစောကတည်းက ပြောင်းရွှေ့ဖို့ လုပ်ထားတာ။ အခုမှ အမိန့်စာ ထွက်လာတာ”ဟု နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောဆိုသည်။

အားကစားဝန်ကြီးဟောင်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိသည့်ကိစ္စနှင့် ပတ်သက်၍ မီဒီယာများကို ဖြေကြားခဲ့မှုနှင့် ယခုအပြောင်းအရွှေ့မှာ သက်ဆိုင်မှု မရှိကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

S-03