News

POST TYPE

EDITOR PICK POST

ပညာရေးကောလိပ်စာမေးပွဲ ရေထဲတွင် ဖြေနေရ

မန္တလေး၊ အောက်တိုဘာ ၁၃

မန္တလေးပညာရေးကောလိပ်မှ စာမေးပွဲဖြေသည့် အခန်းများအတွင်းသို့ မိုးရေများဝင်ရောက်လျက် ရှိသည့်အတွက် ဆရာ၊ ဆရာမများ မိုးရေထဲတွင်ဖြေဆိုနေကြရကြောင်း ယင်းကောလိပ်ကျောင်းအုပ်ကြီး ဦးဘိုမြင့်ကအ တည်ပြုပြောကြားသည်။

အဆိုပါစာမေးပွဲသည် ၇ ရက်ကြာ ဖြေဆိုရမည့်စာမေးပွဲဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

စာမေးပွဲခန်း ၇ ခန်းဖြေဆိုရာတွင် ၄ ခန်းအတွင်းသို့ ရေများ ဝင်ရောက်နေခြင်းဖြစ်ပြီး တစ်ပေခွဲခန့်အထိ ဝင်ရောက်နေကြောင်း၊ ရေများပြန်လညကျဆင်းနေပြီဖြစ်ကြောင်းလည်း ဦးဘိုမြင့်က ရှင်းပြသည်။

မန္တလေးတွင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မိုးများရွာသွန်းလျက်ရှိပြီး မြို့တွင်း ရပ်ကွက်နေရာ အနှံ့အပြားတွင် ရေများ ဝင်ရောင်လျက်ရှိသည်။

M-04