News

POST TYPE

EDITOR PICK POST

တာမွေအဝိုင်းထိပ်တွင် ခိုးဝင်ဘင်္ဂါလီ ၂ ဦးကို ဖမ်းမိ
03-Oct-2017 tagged as တာမွေ ဘင်္ဂါလီ

ရန်ကုန်၊ အောက်တိုဘာ ၃ 

တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ တာမွေအဝိုင်းထိပ်၊ လမ်းငါးခွဆုံ ခုံးတံတား မီးပွိုင့်တွင် အောက်တိုဘာလ ၂ ရက် ည ၈ နာရီခန့်က တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီအမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် နေထိုင်သူ အသက် ၂၀ အရွယ် ဆော်လိမ်နှင့် အသက် ၁၈ နှစ်အရွယ် မရာစမီနာတို့သည် လွန်ခဲ့သော ၁၅ ရက်ခန့်က ပရိုဘောက် အဖြူရောင် အငှားယာဉ်တစ်စီးဖြင့် အမျိုးသားတစ်ဦးက ခေါ်ဆောင်လာပြီး နေအိမ်တစ်လုံးတွင် ၁၃ ရက်ခန့် ထိန်းသိမ်းထားကာ ရန်ကုန်မြို့ထဲသို့ သွားရောက် အလုပ်လုပ်ရန် ထပ်မံ ခေါ်ဆောင်ကာ တစ်နေရာအရောက် ခေတ္တ စောင့်ဆိုင်းရန်ပြောဆိုပြီး ချထားခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“တာမွေ အဝိုင်းထိပ်မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲကနေ မသင်္ကာလို့ ဖုန်းဆက်တိုင်လိုက်တာ၊ အဲဒါနဲ့ သွားရောက် စစ်ဆေးခဲ့တာပါ၊ သူတို့ကို ရန်ကုန်မှာ အလုပ်လုပ်ဖို့ ခေါ်လာတဲ့ အမျိုးသားကနေ ချထားခဲ့တာ၊ သူတို့နဲ့အတူ အခြား လူသုံးဦးလည်းပါတယ်လို့ သိရတယ်၊ ခေါ်ဆောင်လာတဲ့သူနဲ့ ကျန်တဲ့သူ သုံးဦးကိုတော့ စုံစမ်း ရှာဖွေနေတုန်းပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက် ညနေ ၄ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်ရှိ အကြော်ဆိုင်တစ်ဆိုင်တွင် မင်းပြားမြို့နယ်မှ တရားမဝင် ခိုးဝင်လာသည့် အသက် ၂၂ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ဘင်္ဂါလီအမျိုးသား နှစ်ဦးကို ဖမ်းမိပြီး ယင်းမြို့မရဲစခန်းက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ အက်ဥပဒေ ပုဒ်မ ၆(၁)(၂)ဖြင့်လည်းကောင်း၊ လက်ခံထားသူ အသက် ၅၇ နှစ် အရွယ် အိမ်ရှင်ပွဲစားကို ရာဇသတ်ကြီးပုဒ်မ ၃၆၅/ ၃၇၀ ဖြင့်လည်းကောင်း အမှုဖွင့် ဆောင်ရွက်ခဲ့သည်။ 

J-16