News

POST TYPE

EDITOR PICK POST

ရန်ကုန်ပရဟိတကျောင်းမှ ထွက်ပြေးသည့် လူငယ်ကိုးဦးကို အုပ်ထိန်းသူများထံ အပ်နှံမည်
31-Aug-2017 tagged as လူငယ်

မုံရွာ၊ ဩဂုတ် ၃၁

ရန်ကုန်မြို့၊ မှော်ဘီ လူငယ်ပရဟိတ သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် လူငယ်ကိုးဦးကို မုံရွာမြို့တွင်တွေ့ရှိခဲ့၍ စစ်ကိုင်းတိုင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနက ထိန်းသိမ်းထားခဲ့ပြီးနောက် မိဘအုပ် ထိန်းသူများထံ အပ်နှံရန် ဩဂုတ်လ ၃၀ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးထံ လွှဲပြောင်းပေးခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ကျွန်တော်တို့လွှဲပြောင်း လက်ခံပြီး တာဝန်ယူပြီး နေရပ်ပို့ပေးမယ်။ သူတို့ရဲ့ဆန္ဒအတိုင်း ပညာသင်ချင်ရင် ဆက်သင်ပေးမယ်။ အသက်မွေးပညာ သင်ချင်ရင်လည်း သင်ပေးမှာပါ”ဟု ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောဆိုသည်။

အဆိုပါ လူငယ်များသည် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ် လူငယ်များဖြစ်ကာ ပညာသင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေသည်မှာ နှစ်ပိုင်းရှိနေပြီး မပျော်သည့်အတွက် နေရပ်ဖြစ်သည့် နာဂနှင့် တမူးသို့ပြန်ရန် ခိုးထွက်လာခြင်းဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောကြားသည်။

ယင်းလူငယ်များအတွက် ယူနီဆက်၊ ရန်ကုန် ကရင်နှစ်ခြင်း အမျိုးသမီးအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က ပူးပေါင်း၍ အဝတ်အထည်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းများအပြင် ဓာတ်မီး၊ စောင်နှင့် မိုးကာများကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ လူငယ်များအနက် တမူးအမှတ် (၂) ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက လူငယ် ၇ ဦးနှင့် ခန္တီးအမှတ် (၁) ကိုယ်စားလှယ် ဦးမောင်တေးက လူငယ် ၂ ဦးကို တာဝန်ယူ လက်ခံကာ ၎င်းတို့၏နေရပ် အသီးသီးကို ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

R-08

  • VIA