News

POST TYPE

EDITOR PICK POST

မြန်မာအသင်း ယှဉ်ပြိုင်သည့် ပွဲစဉ်များအပြီးတွင် မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများ ရှိနေ
မလေးရှား ရဲတပ်ဖွဲ့သည် မြန်မာအသင်း ယှဉ်ပြိုင်သည့် ပွဲစဉ်များအပြီးတွင် အထောက်အထား မပြနိုင်သော မြန်မာနိုင်ငံသားများကို ဖမ်းဆီးမှုများ ရှိနေသည်ဟု အဆိုပါနိုင်ငံသို့ ရောက်ရှိနေသာ သတင်းထောက်များ၏ အဆိုအရ သိရသည်။

အဆိုပါ အခြေအနေများကြောင့် မြန်မာနှင့် အိမ်ရှင်မလေးရှားတို့ ယှဉ်ပြိုင်ကြမည့် အုပ်စုနောက်ဆုံးပွဲစဉ်သို့ လာရောက်အားပေးကြမည့် မြန်မာပရိသတ်များ၏ လုံခြုံရေး အခြေအနေ အပါအဝင် ၎င်းတို့ကို မလေးရှားရဲတပ်ဖွဲ့က အထောက်အထား မပြသနိုင်ပါက ထပ်မံဖမ်းဆီးထိန်းသိမ်းမည်ကို မြန်မာဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အထူးစိုးရိမ် ပူပန်နေပြီလည်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာပရိသတ်များ အကြိုဗိုလ်လုပွဲ ကြည့်ရှုနိုင်စေရန် လက်မှတ်များ ပေးဝေဦးမည် ဖြစ်ပြီး မြန်မာအသင်း ဗိုလ်လုပွဲသို့ ဆက်လက်တက်လှမ်းနိုင်ခဲ့ပါက ဗိုလ်လုပွဲကြည့်ရှုနိုင်ရန် အတွက်လည်း လက်မှတ်များ အခမဲ့ ဆက်လက်ဝေပေးသွားဦးမည်ဟု အဖွဲ့ချုပ် အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အကြိုဗိုလ်လုပွဲတွင် မြန်မာအသင်းဂျာစီ အင်္ကျီများကို အခမဲ့ ဝေပေးရန်လည်း စီစဉ်လျက်ရှိသည်။

မြန်မာအသင်း ယှဉ်ပြိုင်သည့် ပွဲစဉ်များအပြီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် အထောက်အထား မပြနိုင်သော မြန်မာနိုင်ငံသားများ အရေအတွက်ကို အတိအကျ သိရှိနိုင်ရန် မလေးရှားနိုင်ငံသို့ သတင်းရယူရန် ရောက်ရှိနေသည့် သတင်းထောက်များက သတင်းစုံစမ်းမှုများ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။

Photo Credit - Myanmar Football Federation Facebook Page