News

POST TYPE

EDITOR PICK POST

အနွေးထည်ဆိုင်
13-Aug-2017 tagged as ပရဟိတ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ဟာ နွေမှာပူသလို ဆောင်းမှာတော့ အတော်လေးအေးတဲ့ ရာသီဥတု ရှိသည်။ အနွေးထည် လူတိုင်းအတွက် လိုသည်။ အနွေးထည်သည် တတ်နိုင်သူများ အဖို့တော့ ဝန်ထုပ်ဝန်ပိုး မဖြစ်သော်လည်း ငွေကြေးနွမ်းပါးသူများ၊ အိမ်ရာမဲ့များ အတွက်တော့ အလွန်အင်မတန် ခေါင်းခဲရသောကိစ္စ ဖြစ်သည်။ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့က ဆိုင်တစ်ဆိုင်တွင်တော့ အစီအစဉ်တစ်ခု ပြုလုပ်ပေးထားသည်။ 
“သင်အေးနေပါသလား၊ တစ်ထည်ယူသွားပါ။ အကူအညီပေးချင်ပါသလား၊ တစ်ထည် လာထားသွားပါ” ဆိုင်းဘုတ်တင်ထားပြီး အနွေးထည်များစွာကို စင်ကလေးဖြင့် ချိတ်ထားပေးပါသည်။

မြို့သူမြို့သား အတော်များများသည် ၎င်းတို့ မဝတ်တော့သော အနွေးထည်များကို စင်ပေါ်သို့ လာရောက်ပို့ဆောင်ကြပါသည်။ “ဒီနေ့က ကျွန်တော့်မွေးနေ့လေ။ မွေးနေ့တစ်ခုခု လုပ်ချင်တာနဲ့ အနွေးထည် လာထားပေးတာပါ” ဟု အငြိမ်းစား မရိန်းတပ်ဖွဲ့ဝင် ဂျက်ကီဘရူဝါက ပြောကြားသည်။ အကောင်းစားစစ်သုံး အနွေးထည်တစ်ထည်ပါ ထည့်ပေးခဲ့သည်။ သူ့အနွေးထည်ကို ဆောက်လုပ်ရေးလုပ်သားတစ်ဦးက လာယူသွားပါသည်။ ပီတိဖြစ်စရာ ကူညီဖေးမမှုတစ်ရပ် ဖြစ်ပါသည်။ ယမန်နှစ်က အနွေးထည်စင် တစ်ခုလုံးကို လာခိုးသွားမှု လေးကြိမ်တိုင် တိုင်ဖြစ်ခဲ့သည်။ သို့သော် ဆိုင်ရှင်ဖြစ်သူ အီမီလီယာနှင့် ပြည်သူများကတော့ လိုအပ်နေသူများအတွက် အနွေးထည် လာထားမြဲ ဖြစ်ပါသည်။