News

POST TYPE

EDITOR PICK POST

မြန်မာနိုင်ငံမှာ ကမ္ဘာကျော် Ford ကားတွေ ထုတ်လုပ်နေပါပြီ
31-Jul-2017 tagged as ကား

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ထားတဲ့ Ford ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့နည်းပညာတွေနဲ့ ကမ္ဘာ့အဆင့်မီ Brand New ကားသစ်တွေကို စတင်တပ်ဆင် ထုတ်လုပ်နေပါပြီ။

ဒီမှာတပ်ဆင်ထုတ်လုပ်တာ ဖြစ်တဲ့အတွက် ပိတ်ထားတဲ့ ရန်ကုန်လိုင်စင်ကိုပါ ရရှိနိုင်မယ့် အခွင့်အရေးနဲ့ Ford Motor နဲ့ Capital Automotive Limited (CAL) တို့ ပူးပေါင်းထားတဲ့ Capital Motors Limited (CML) ကုမ္ပဏီကနေ 4WD Ranger နှင့် Everest ကားအမျိုးအစားတွေကို စတင်တပ်ဆင် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီကားတွေကို ရန်ကုန်မြို့၊ အမှတ် ၁၆၂၊ ၁၆၃၊ ကင်းဝန်မင်းကြီးလမ်းနဲ့ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းထောင့်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်မှာရှိတဲ့ စက်ရုံကနေ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

CML ရဲ့ ပြည်တွင်းကားတပ်ဆင် စက်ရုံသစ်ဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခု ဖြစ်ပြီးတော့ မြန်မာအစိုးရနဲ့ Ford ကားကုမ္ပဏီတို့ရဲ့ လေးနက်တဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုရဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဒီနှစ် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲကနေ ၁၂ နာရီထိကို သမိုင်းလမ်းဆုံနားမှာရှိတဲ့ Ford Car Showroom မှာ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးတော့ ညနေပိုင်းမှာတော့ ဆီဒိုးနားဟိုတယ်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် ဧည့်သည်တော်တွေက ဂုဏ်ပြုပေးခဲ့ပါတယ်။  

S-04