POST TYPE

EDITOR PICK POST

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးပိုမည်
20-Jul-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇူလိုင် ၂၀

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးအားပိုလာနိုင်ပြီး ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

“မြန်မာနိုင်ငံ တောင်ပိုင်း မွန်၊ ကရင်၊ ပဲခူးတို့နဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးများနိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန် တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

E-03