News

POST TYPE

EAT

တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၇ ပေါင်ကျော် လျှော့ချနည်း
05-Aug-2016 tagged as

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြန်ဆုံး ဝိတ်ချဖို့လို နေသူတယ်ဆိုသူတွေ အတွက် လေ့ကျင့်ခန်းလုပ်စရာမလို ဆေးသောက်စရာ မလိုဘဲ ခုနစ်ရက်နဲ့ ၁၇ ပေါင်ကျော်အထိ ကျနိုင်မယ့်နည်းလေး ပေးပါရစေ။

ပထမရက် - သစ်သီးနေ့

မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို သစ်သီးတွေပဲ စားပါ။ သွားရေစာ တစ်ခုခု စားချင်တိုင်းလည်း သစ်သီးတစ်မျိုးမျိုးကိုသာ စားပါ။ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ စတဲ့ သစ်သီးမျိုးတွေ ကြိုက်သလောက် စားနိုင်ပြီး ငှက်ပျောသီးကိုတော့ ရှောင်ပါ။

ဒုတိယနေ့- ဟင်းသီးဟင်းရွက်နေ့

ပထမနေ့နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ သစ်သီးအစား ဟင်းသီးဟင်းရွက်တွေကိုပဲ စားပါ။ အစိမ်းအတိုင်းဖြစ်ဖြစ် ချက်ပြီးတော့ပဲဖြစ်ဖြစ် စားနိုင်ပါတယ်။ အာလူးကိုရှောင်ဖို့ လိုသလို ချက်မယ်ဆိုရင် ဆီမထည့်ဖို့ လိုပါလိမ့်မယ်။

တတိယနေ့ - သစ်သီးနဲ့ ဟင်းသီးဟင်းရွက်

ဒီနေ့မှာ သစ်သီးရော ဟင်းသီးဟင်းရွက်ပါ ကြိုက်သလောက်စားပါ။ ငှက်ပျောသီးနဲ့ အာလူးကိုတော့ ရှောင်ပါဦး။

စတုတ္ထနေ့ - ငှက်ပျောသီးနဲ့ နို့

ဒီနေ့ကတော့ ထူးခြားပါတယ်။ အရင်နေ့တွေက ရှောင်ခဲ့ရတဲ့ ငှက်ပျောသီးကို ဒီနေ့မှာ စားရမှာပါ။ တစ်နေ့လုံး အနည်းဆုံး ငှက်ပျောသီး (၈) လုံးနဲ့ နွားနို့ (၃) ခွက်သို့ (၄) ခွက် သောက်ရပါမယ်။

ပဉ္စမနေ့ - ထမင်းနဲ့ ခရမ်းချဉ်သီး

ခါတိုင်းနေ့တွေထက် ပိုပြီးလွယ်လာပါပြီ။ နေ့လယ်စာစားချိန်မှာ ထမင်းပန်းကန်လုံး အသေးနဲ့ (၁) လုံး စားပြီး တစ်နေ့လုံးစာအတွက် ခရမ်းချဉ်သီး (၆) လုံးစားပါ။ ဒီနေ့မှာ ရေများများသောက်ဖို့ လိုပါတယ်။ အနည်းဆုံး ရေ (၈) ခွက် သောက်ပါ။

ဆဋ္ဌမနေ့ - ထမင်းနဲ့ ဟင်းသီးဟင်းရွက်

ဒီနေ့က ပိုတောင်လွယ်လာပါပြီ။ နေ့လယ်စာစားချိန်မှာ ထမင်းပန်းကန်လုံး အသေးနဲ့ (၁) လုံး၊ တစ်နေ့လုံးအတွက် ဟင်းသီးဟင်းရွက် ကြိုက်သလောက်စားပါ။ အရင်နေ့လိုပဲ ရေများများသောက်ပါ။

သတ္တမနေ့ - နောက်ဆုံးပိတ်

အပြီးသတ်နေ့ ဖြစ်သလို တစ်ပတ်လုံးမှာ အကောင်းဆုံးနေ့ပါ။ နေ့လယ်စာစားချိန်မှာ ထမင်းပန်းကန်လုံး အသေးနဲ့ (၁) လုံး၊ တစ်နေ့လုံးအတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် ကြိုက်သလောက် စားသောက်ပါ။ သစ်သီးဖျော်ရည်က အဆိပ်အတောက်ကို ပြေစေမှာပါ ဖြစ်ပါတယ်။

ခုနစ်ရက်ကို အပေါ်က ပြောထားတဲ့အတိုင်း စားသောက်ဖို့လိုပြီး တစ်ခြားသွားရည်စာတွေ မစားမိဖို့တော့ အရေးကြီးပါတယ်။

  • TAGS