News

POST SECTION

CRIME-AND-ACCIDENT

30-Sep-2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမှာ စက်တင်ဘာလ ၂၉ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါဖြင့် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံတွင် သေဆုံးခဲ့သည်။
30-Sep-2020
ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ရေကြည်မြို့နယ် မိသလင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ကိုဗစ်-၁၉ အရေးပေါ်ကာလ ထောက်ပံ့ငွေ အလွဲသုံး စားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
29-Sep-2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သစ်စက်ရပ်ကွက်တွင် အရက်ဝယ်တိုက်ခိုင်းသည့်ကိစ္စ ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Sep-2020
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရှာဖွေရာမှ ကျပ်သိန်း သုံးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Sep-2020
ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပိုင်း သီပေါမြို့အဝင် မိုင်တိုင် ၁၃၆ အနီးတွင် စက်တင်ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့နှင့်မူးယစ်မှောင်ခိုသယ်သူများ အပြန်အလှန်ပစ်ခတ်ရာမှ ရဲတပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ကြောင်း လားရှိုးမြို့ရှိ အမှတ်၂၄ မူးယစ်ရဲတပ်ဖွဲ့စုထံမှ သိရသည်။
28-Sep-2020
ရှမ်းပြည်(တောင်ပိုင်း)၊ အောင်ပန်းမြို့တွင် ပွဲရုံဖောက်ထွင်းပြီး ကြက်သွန်၊ အာလူး အိတ်များကို ခိုးယူသည့် အမျိုးသားသုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Sep-2020
လှိုင်မြို့နယ်အတွင်ရှိ Quarantine စင်တာတစ်ခုတွင် Quarantine ဝင်နေသော မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးမှာ စင်တာရှိ လေးလွှာပေါ်မှ ခုန်ချသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Sep-2020
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သူကို Quaratine ဝင်ရောက်ရန် သွားခေါ်သည့် ရာအိမ်မှူး ဖြစ်သူမှာ ဝိုင်းရိုက်နှက်မှုကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Sep-2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဒဘတ်ယန် ကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်က အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Sep-2020
နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ဓားထောက်ခြိမ်းခြောက်ပြီး ကျပ်ခြောက်သိန်းလုယက်သည့် အမျိုးသား သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
26-Sep-2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မအူကျေးရွာတွင် ရဟန်းတစ်ပါးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသော အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
25-Sep-2020
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူငယ်ချင်းစကားများ ရန်ဖြစ်ရာမှ ၁၆ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-Sep-2020
ရွှေဘိုမြို့၌ အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို နှစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းထံမှ သိရသည်။
22-Sep-2020
ပုသိမ်မြို့နယ်အတွင်း စက်တင်ဘာ ၂၁ ရက်နေ့က အစောပိုင်းက လေပြင်းတိုက်ခတ်သဖြင့် အိမ် ၂၅ လုံးနှင့် စာသင့်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။