News

POST SECTION

CRIME-AND-ACCIDENT

06-Jun-2019
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာ ကလေး-တီးတိန်ကားလမ်းမ မိုင်တိုင် (၂၂/၂) အနီးတွင် ဟိုင်မွာလ်ဂျစ်ကားတစ်စီး တောင်အောက်သို့ထိုးကျခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း ခိုင်ကမ်းနယ်မြေရဲစခန်းထံမှ သိရသည်။
04-Jun-2019
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မယ်ပြင်ကျေးရွာတွင် ဇွန် ၃ ရက် နံနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာ ဆေးမှားသောက်မိရာမှ သေဆုံးခဲ့ကြောင်း
04-Jun-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်တွင် ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ကျပ်သိန်း ၂၅၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ အနုကြမ်းစီးခံရကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
04-Jun-2019
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ မူးလမန်းကျေးရွာရှိ အရက်ချက် စက်ရုံတွင် ဇွန် ၂ ရက် နံနက်အစောပိုင်းက တင်လဲရည်ကန်အတွင်း ပြုတ်ကျခဲ့သည့် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Jun-2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်း နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဇွန်လ ၁ ရက်နေ့ နံနက်က မော်တော်ယာဉ်တစ်စီးပေါ်မှ ဘိန်းစိမ်းတစ်ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၆၀,၀၀၀ ကို သယ်ဆောင်လာသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Jun-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့မဈေးရှိ ၂၄ နာရီ ပျံကျဈေးတန်းတွင် ဇွန် ၃ ရက် နံနက်ပိုင်းက ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Jun-2019
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ နားလုံကျေးရွာတွင် ဇွန် ၁ ရက်နေ့က အားသွင်းထားသည့် လက်ကိုင်ဖုန်း တစ်လုံး ပေါက်ကွဲရာမှ အိပ်ယာခင်းကို မီးကူးစက်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Jun-2019
လှည်းကူးမြို့နယ်၊ လှည်းကူး-ဒါးပိန် ကားလမ်းရှိ ကျွန်းကုန်းလမ်းဆုံတွင် ခရီးသွားလာနေသော ပြည်သူများကို ဓားကိုင်ခြိမ်းခြောက် ရန်ပြုနေသည့်အဖွဲ့အား သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jun-2019
ဧရာဝတီဘဏ်မှ မန်နေဂျာတစ်ဦးဟု လီဆည်ပြောဆို၍ အလုပ်သွင်းပေးမည်ဟု ပြောဆိုကာ ငွေများလိမ်လည်ရယူနေသည့် အမျိုးသားတစ်ဦးကို မေ ၃၁ ရက်နေ့က ရန်ကုန်မြို့လယ်ခေါင်ရှိ မဟာဗန္ဓုလပန်းခြံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jun-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ချော်ကုန်းကျေးရွာတွင် မေ ၃၁ ရက် ညပိုင်းက လင်မယားနှစ်ဦး စကားများရန်ဖြစ်စဉ် လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲပြောဆိုခံရသည့် အမျိုးသမီးက ၎င်း၏ခင်ပွန်းအား သံတုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jun-2019
ပဲခူးတိုင်းဒေသကြီး ဇေယျဝတီမြို့ ပြောင်သေအနောက်ကျေးရွာအနီး ပဲခူးရိုးမတောထဲတွင် သစ်ခုတ်ယူသည့်ကိစ္စနှင့် စကားများ ရန်ဖြစ်ရာမှ ဓားထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ဇေယျဝတီနယ်မြေ ရဲစခန်းမှ သိရသည်။
31-May-2019
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မယ်ကြုတ်ကျေးရွာနှင့် လွယ်ပါရင် (၂) ကျေးရွာကြားတွင် မေလ ၂၉ ရက် ညနေ ၃ နာရီခန့်က ပေ ၁၅၀ ခန့်နက်သည့် ချောက်အတွင်း မြေသယ်ယာဉ်ထိုးကျ၍ နှစ်ဦးသေဆုံးခဲ့ကြောင်း မိုင်းဆတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
30-May-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မရဲစခန်း စတိုခန်းအတွင်း၌ သိမ်းဆည်းထားသည့် မူးယစ်ဆေးဝါးများအနက် ကျပ်သိန်း ၁၂၀၀၀ ခန့်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၆၄ ကီလို ပျောက်ဆုံးမှုကို ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ်အောင်နိုင်သူ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ပြောကြားသည်။
29-May-2019
ဒဂုံဧရာ အဝေးပြေးကားဝင်းသို့ သွားရောက်ရန် အောက်ဆိုဒ်ကားဖြင့် လိုက်ပါလာသည့် ခရီးသည် လင်မယားနှစ်ဦးမှ အမျိုးသားအား ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားသုံးဦးက ဓားဖြင့်ထိုး၍ ရွှေထည်ပစ္စည်းနှင့် ငွေများ လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-May-2019
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် မေလ ၂၇ ရက်နေ့ ညပိုင်းက ရန်ဖြစ်နေကြောင်း သတင်းပေးတိုင်ကြားချက်အရ သွားရောက်ဖြန်ဖြေသော ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ရန်ဖြစ်နေသည့်လူငယ်များက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့ကြောင်