News

POST SECTION

CRIME-AND-ACCIDENT

01-Sep-2017 tagged as လူသေမှု
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းဝင်းရှိ မိသားစု နေအိမ်လိုင်းခန်း အနီးတွင် စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ဝန်းကျင်က ရဲတပ်ကြပ်တစ်ဦး ရေမြောင်းထဲ ပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Sep-2017 tagged as လူသေမှု
ပဲခူးတိုင်းဒေသကြီး သွယ်တန်မြို့နယ် သာဂရမြို့ ကန်သာယာရပ်ကွက် နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီ သွယ်တန်းထားသည့် ဝါယာကြိုးကို ပါးစပ်နှင့် ကိုက်ဖတ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းတွင် အချုပ်သား သုံးဦးသည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်က အချုပ်ခန်းဖောက် ထွက်ပြေးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
30-Aug-2017 tagged as တိုက်ကြီး
တိုက်ကြီးမြို့တိုးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေမှူးများက ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၁ နာရီခန့်က ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ် ပြည်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော NISSAN AD VAN ကားတစ်စီးပေါ်မှ လက်လုပ်သေနတ် နှစ်လက်နှင့် အမျိုးသားသုံးဦးကို ဖမ်းမိကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ဇေယျာဦးက ပြောကြားသည်။
29-Aug-2017 tagged as လူသတ်မှု ဆရာမ
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ် ပင်မှီကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်က အလယ်တန်းပြ ဆရာမတစ်ဦး မိမိကိုယ်ကို တူဖြင့်ထုရိုက်၍ သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ရာ မသင်္ကာ၍ အသေးစိတ် စစ်ဆေးရာမှ ခင်ပွန်းဖြစ်သူကသတ်၍ သေဆုံးခြင်း ဖြစ်သည်ဟု ဖော်ထုတ်ရရှိကြောင်း အောင်ပန်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
29-Aug-2017 tagged as မူးယစ်ဆေးဝါး
ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံအတွင်း ချိန်းဆိုပြီး မူးယစ်ဆေးဝါးများ ပို့ဆောင်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို သြဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်လိုက်သည့်အတွက် ပြန်စစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းမှုကို ကနဦး လက်ခံကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
28-Aug-2017 tagged as ကား
ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင် ၇၇ အနီး သြဂုတ်လ ၂၇ ရက် ညနေပိုင်းက အိမ်စီးမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။
28-Aug-2017 tagged as ကျိုင်းတုံ
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ယန်းလူးကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဩဂုတ်လ ၂၇ ရက် ည ၉ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ တစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်(၂၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မျက်နှာချင်းဆိုင် နေအိမ်မှ အမျိုးသမီးက လင်ခိုးသည်ဟု စွပ်စွဲရာမှ မိမိခင်ပွန်းဖြစ်သူ မုဒိမ်းမှု ပေါ်ပေါက်ခဲကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Aug-2017 tagged as အဓမ္မပြုကျင့်
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာအုပ်စု ကျွန်းစည်ကျေးရွာတွင် စတုတ္ထတန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဘချစ်က ပြောကြားသည်။
26-Aug-2017 tagged as ထားဝယ်
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် အသက် ၂ နှစ်ကျော် အရွယ်ရှိ အမွှာညီအစ်ကို ကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ကြောင်း အလှပ်နယ်မြေ ရဲစခန်းထံမှ သိရသည်။
25-Aug-2017 tagged as မန္တလေး
မန္တလေးခရိုင် ဆောက်လုပ်ရေးဦးစီးဌာနမှူးရုံးခန်း အတွင်းမှ မီးခံသေတ္တာအတွင်း သိမ်းဆည်းထားသည့် ရွှေနှင့် ငွေ၊ စုစုပေါင်း ကျပ် ၄၅၅ သိန်းခန့်ကို ခိုးယူခံခဲ့ရကြောင်း အမှတ်(၃) နယ်မြေရဲစခန်းထံမှ သိရသည်။
24-Aug-2017 tagged as
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကို အရေးယူပေးရန် ငါးမင်းဆွေ၏ ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်သည်။
24-Aug-2017 tagged as ပြည်
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ နယ်၊ ထန်းပေါက်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၂၂ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။