News

POST SECTION

CRIME-AND-ACCIDENT

18-Jul-2019
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် လာဝယ်ကျေးရွာနေ အသက်(၆)နှစ် အရွယ် ယောက်ျားလေးတစ်ဦးသည် နန်စီပွန်ချောင်းအတွင်း ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၈ နာရီ အချိန်ခန့်က ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သိရသည်။
16-Jul-2019
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ရဟန်းတစ်ပါးမောင်းနှင်လာသော မော်တော်ယာဉ် တစ်စင်းသည် ကျောင်းသားအုပ်စုကို ဝင်တိုက်ခဲ့ပြီး ကျောင်းသားတစ်ဦး သေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းမှ သိရှိရသည်။
13-Jul-2019
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျွဲခြံကျေးရွာတွင် ခင်ပွန်းဖြစ်သူက ဇနီးနှင့်ကလေးနှစ်ဦးကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်သတ်ခဲ့ကြောင်း ၀င်းဝနယ်မြေရဲစခန်းနှင့် ဒေသခံအချို့ထံမှ သိရသည်။
13-Jul-2019
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် ကျပ်သိန်း ၁၄၀ ခန့် တန်ဖိုးရှိ လက်ဝတ်ရတနာပစ္စည်းများကို ခိုးယူမှုဖြင့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၏ ချွေးမဖြစ်သူကို ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
13-Jul-2019
ဆောမြို့နယ် ပင်တောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းက ဒေသခံအမျိုးသားတစ်ဦးက ဓါးမကိုင်ဆောင်လာပြီး ဘုန်းကြီးကျောင်းစောင့် အမျိုးသားတစ်ဦးအား ဓါးဖြင့်ခုတ်သတ်ခဲ့ကြောင်း ကျောက်ထုနယ်မြေရဲစခန်းမှ သိရသည်။
12-Jul-2019
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကွမ်းခြံရိုးကျေးရွာတွင် ဇူလိုင်လ (၁၁) ရက်နေ့ ညနေပိုင်းက အမျိုးသမီးတစ်ဦးသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
12-Jul-2019
ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ KTV ဆိုင်တစ်ဆိုင်တွင် ယာဉ်ငှားရမ်းလာသူ ခရီးသည် အမျိုးသားနှင့်အတူ ကာရာအိုကေ အခန်းထဲ လိုက်ထိုင်သည့် အငှားယာဉ်မောင်းမှာ ၎င်းမောင်းနှင်နေသော ဖီဒါ အငှားယာဉ် ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Jul-2019
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၂) တွင် ဇူလိုင် ၁၁ ရက် ညပိုင်းက ပြည်သူ့လွှတ်တော်အမတ်တစ်ဦး တည်းခိုနေသည့် အခန်းမှာ ဖောက်ထွင်းခံရပြီး တန်ဖိုးငွေ ကျပ်သိန်း ၁၄၀ ခန့်ရှိ လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးခဲ့သည်။
11-Jul-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းတွင်းမြစ်ကမ်းဘေး မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေပေါ်ရှိ မီးခလုတ်ခုံကို စစ်ဆေးရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးမှု ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းထံမှ သိရသည်။
11-Jul-2019
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ဆွာမြို့ငါးကြီးကွေ့ ကျေးရွာအုပ်စုအတွင်းတွင် အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့်အတွက် ဇူလိုင် ၁၀ ရက်နေ့တွင် အမှုဖွင့်အရေးယူထားကြောင်း ဆွာမြို့နယ်ရဲစခန်းမှ သိရသည်။
10-Jul-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့ နောင်ပါရင်ရပ်ကွက်နေ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က ၎င်း၏လယ်တဲအနီးတွင် ခေါင်းဖြတ်အသတ်ခံရကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြည်စိုးက ပြောကြားသည်။
10-Jul-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးလမ်းဘေးရှိ KTV ဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၉ ရက် ညနေပိုင်းက ဓားများကိုင်ဆောင်ပြီး မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူသည့် အဖွဲ့ကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
09-Jul-2019
တောင်ငူတက္ကသိုလ် စိတ်ပညာ အထူးပြုကျောင်းသူတစ်ဦးကို အတင်းအဓမ္မ လက်ထပ်ပေါင်းသင်းခဲ့သူနှင့် အပေါင်းအပါနှစ်ဦးကို ဇူလိုင် ၈ ရက်က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။
09-Jul-2019
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက်တွင် ဇူလိုင် ၈ ရက် ညပိုင်းက အရက်မူးနေသည့် အမျိုးသားက ၎င်း၏ မိခင်အရင်းကို ခေါင်းအုံးဖြင့် ဖိသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Jul-2019
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ စံလင်းဒေါင့်ကျေးရွာရှိ မူလွန်ကျောင်းတွင် KG တန်း တက်နေသည့် ငါးနှစ်အရွယ် ကျောင်းသူတစ်ဦးမှာ မုန့်စားဆင်းချိန်တွင် အဓမ္မပြုကျင့်ခံရကြောင်း အောင်ဟိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ပြောကြားသည်။