News

POST SECTION

CRIME-AND-ACCIDENT

11-Feb-2017 tagged as
ချမ်းမြသာစည်မြို့နယ်၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် (ရာအိမ်မှူး) ကွက်စိပ်မှူးကို အမျိုးသားတစ်ဦးက ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ် ခြောက်လှန့်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
11-Feb-2017 tagged as
ပြည်ပသို့ တင်ပို့မည့် ကွန်တိန်နာပုံးများထဲမှ တရားမဝင် သစ်များ ဖမ်းမိမှုနှင့်ပတ်သက်၍ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ အကောက်ခွန် ဝန်ထမ်းများကို အလုံမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
11-Feb-2017 tagged as
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်မြို့ ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၅ အနီးတွင်​ ယနေ့ (ဖေဖော်ဝါရီ လ ၁၁ ရက်) နံနက် ၇ နာရီခန့်က လမ်းလယ်ကျွန်းပေါ် ဈေးရောင်းနေသည့် အမျိုးသမီးများကို ကျိုက်ထို-ရန်ကုန် ပြေးဆွဲသည့် မှန်လုံယာဉ်တစ်စင်းက အရှိန်လွန် ဝင်တိုက်မိခဲ့ရာမှ အမျိုးသမီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့​ကြောင်း
10-Feb-2017 tagged as လူသတ်မှု
မြစ်ကြီးနားမြို့တွင် အသက် ၂၄ နှစ်အရွယ် သူနာပြု အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက နေအိမ် ကုန်စုံဆိုင်တွင် သေဆုံးနေကြောင်း အဆိုပါမြို့ရှိ ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Feb-2017 tagged as
လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ရာဝင်းတွင် ဖေဖော်ဝါရီလ ၈ ရက် ည ၇ နာရီခွဲက Alphard အဖြူရောင်ယာဉ်ကို မောင်းနှင်သူ အမျိုးသားက စက်ဘီးဖြင့် နေအိမ်ပြန်လာသူ အမျိုးသမီး၏ ဆလင်းဘက်အိတ်ကို ဆွဲလုယူထွက်ပြေးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Feb-2017 tagged as
အသက်မပြည့်သူ မိန်းကလေးများကို နေအိမ်တွင် ထိန်းသိမ်းထားပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းသူ အမျိုးသမီးကို ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
09-Feb-2017 tagged as YBS
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ အသင်းတိုက်မှတ်တိုင်တွင် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီက YBS ယာဉ်လိုင်း အမှတ် (၁၀) ခရီးသည်တင်ယာဉ် တစ်စီးပေါ်ပါ အသက် ၅၂ နှစ်အရွယ် ခရီးသည် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျပြီး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
08-Feb-2017 tagged as
လူ ၈ ဦး သေဆုံးခဲ့သော အမြန်လမ်း ကားမီးလောင်မှုတွင် ကားပေါ်မှ ဆင်းလာသူ နှစ်ဦးရှိဟု မျက်မြင်သက်သေများ ပြောဆိုသည့်သတင်းမှာ မြေပြင် စစ်ဆေးချက်များနှင့် လွဲမှားနေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီမှ ရဲမှူးမိုးအောင်က The Voice သို့ ပြောကြားသည်။
07-Feb-2017 tagged as မှုခင်း
အစိုးရသစ်လက်ထက် အလောင်းပြိုင် လူသတ်မှုများဖြစ်သည့် မင်္ဂလာဒုံမြို့ နယ် လေးလောင်းပြိုင် လူသတ်မှု၊ ခရမ်းမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှုတို့ အပါအဝင် ကျန်လူသတ်မှုဖြစ်စဉ် အချို့မှ ပြစ်မှုကျူးလွန်သူများကို ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဗဟိုကျောင်း ကျောင်းထိုင်ဆရာတော် ဦးအာစာရကို WY စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လက်နက်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ယူထားသည့် ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် (၁၄) ရက်ကွက် မြစည်းခုံ ဘုရားဈေးလမ်းတွင် ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီခွဲက အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဓားဒဏ်ရာ ခြောက်ချက်ဖြင့် အသတ်ခံရကြောင်း တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရှိရသည်။
05-Feb-2017 tagged as ရန်ကုန် အမှု
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း လေဆိပ်တွင် ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု အပါအဝင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သည့် အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Feb-2017 tagged as သေနတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ရာတွင် ပူးပေါင်းပါဝင်သည်ဟု ဆိုသော အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၏ နေအိမ်ကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေကာ ချိပ်ပိတ်ခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။
05-Feb-2017 tagged as ကလေးငယ်
ကောက်ရိုးများ ထည့်ထားသည့် နွားစာတဲအတွင်း မီးခြစ်ဖြင့် ဆော့ကစားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
04-Feb-2017 tagged as မူးယစ်ဆေးဝါး
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ထီးလှိုင်ရန်ပြေမာန်ပြေလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ခေတ္တတည်းခိုနေထိုင်သူ တစ်ဦးထံမှ တန်ဖိုးငွေ သိန်း ၁၁၀၀ ကျော်ရှိသည့် စိတ်ကြွဆေးပြား နှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။