News

POST SECTION

CRIME-AND-ACCIDENT

06-Dec-2018
သာကေတမြို့နယ်၊ ရှုခင်းသာလမ်း ရှိ YBS (၇၂) ယာယီဂိတ်တွင် ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းက ယာဉ်မောင်း အမျိုးသားတစ်ဦး ကားတံခါးညပ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
06-Dec-2018
သာစည်မြို့နယ် ချမ်းသာကြီးကျေးရွာဒေသခံ ကျောင်းဆရာမတစ်ဦး ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကျောင်းသို့သွားစဉ် ပိုက်ဆံအိတ် လုယူခံခဲ့ရရာ လုပြေးသည့်အမျိုးသားကို ကျေးရွာဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
06-Dec-2018
မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဂန္ဓမာလမ်းတွင် ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းက ပယောဂနည်းဖြင့် ဆေးကုသမှုခံယူမည့် အမျိုးသားတစ်ဦးက ပယောဂဆရာ၏ ဇနီးနှင့်သမီးကို ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Dec-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နားနွဲ့ကျေးရွာအနီး၌ ဒီဇင်ဘာလ ၄ ရက်နေ့က ကေအိုင်အေလက်နက်ကိုင်အဖွဲ့က နွားတင်ယာဉ်လေးစီးမှ ယာဉ်မောင်းများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Dec-2018
လှိုင်မြို့နယ်၊ အင်းစိန်လမ်းရှိ လှိုင်သီရိအိမ်ရာဝင်းတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သူ ဇွဲလင်းထက်ကို ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်သည်။
04-Dec-2018
ကမ္ဘာ့ရတနာဘဏ်မှ ချေးယူထားငွေ ကျပ်သိန်းတစ်သောင်းခွဲကို ပြန်လည်ပေးဆပ်ခြင်း မရှိသဖြင့် အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် လေးဦးကို ဒီဇင်ဘာ ၃ ရက်နေ့က ပန်းဘဲတန်းမြို့မ ရဲစခန်းတွင် လိမ်လည်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
04-Dec-2018
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ကားမှန်များကို ရိုက်ခွဲပြီး ယာဉ်အတွင်းရှိ ပစ္စည်းများကို ခိုးယူနေသည့် ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးကို ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
04-Dec-2018
ခရမ်းမြို့နယ်၊ သန်လျင်-ပဲခူး ကားလမ်းတွင် ခိုးမှုပြစ်ချက်ဟောင်းရှိသူ အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းရာမှ ရွှေဆိုင် ၁၂ ဆိုင်မှ ဆွဲကြိုး၊ ဟန်းချိန်းများနှင့် ဖုန်းအရောင်းဆိုင် နှစ်ဆိုင်မှ လက်ကိုင်ဖုန်းများ ခိုးယူမှု ၁၃ မှု၊ လိမ်လည်ရယူမှု ၂ မှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
04-Dec-2018
ရန်ကုန်မြို့လယ်ကောင်ဖြစ်သည့် ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း (အထက်ဘလောက်) တွင် ဒီဇင်ဘာလ ၃ ရက် နံနက် ၈ နာရီခွဲက အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဆွဲဖြုတ်လုယူထွက်ပြေးသည့် အမျိုးသားတစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
04-Dec-2018
လှိုင်သာယာမြို့နယ်၊ ၁၀ ရပ်ကွက်၊ နတ်မောက်လမ်းထိပ်ရှိ အနှေးယာဉ်ဂိတ်တွင် အမျိုးသားနှစ်ဦး ဓားဖြင့် ထိုးခုတ်သတ် ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူနှစ်ဦးကို ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် လှိုင်သာယာမြို့နယ်၊ ကုလားကြီးစု ကျေးရွာတို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
04-Dec-2018
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် ရည်းစားဖြစ်သူအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် နိုဝင်ဘာလ ၃၀ ရက်က အမိန့်ချခဲ့ကြောင်း ထားဝယ်ခရိုင် တရားရုံးထံမှ သိရသည်။
03-Dec-2018
ယနေ့ (ဒီဇင်ဘာ ၃ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က YBS 90 ယာဉ်လိုင်းမှ ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး တိုက်ကြီးမြို့ တိုးဂိတ်အသစ်ကို ဝင်တိုက်မိပြီးနောက် ကားမီးလောင်ခဲ့ရာ ကားပေါ်ပါသူ ခရီးသည် ၁၇ ဦး(မစိုးရိမ်ရ)ဒဏ်ရာရကြောင်း တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
03-Dec-2018
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ် ရပ်ကွက်ရှိ တိရစ္ဆာန်ဥယျာဉ်ဝင်းတွင် တပ်ဆင်ထားသော တာဝါတိုင်ရှိ ဘက်ထရီအိုးသုံးလုံးကို ခိုးယူမှုဖြင့် အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Dec-2018
မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ် ကွက်၊ ဝိသကြုံလမ်းသွယ်(၂)တွင် နေထိုင်သည့် စစ်မြေပြင်ဆေးတပ်ရင်းမှ တပ်သားတစ်ဦးကို ဒီဇင်ဘာလ ၁ ရက် ညပိုင်းက WY စိတ်ကြွဆေးပြားများ ရောင်းချမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
03-Dec-2018
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ် ရပ်ကွက်ရှိ တိရစ္ဆာန်ဥယျာဉ်ဝင်းတွင် တပ်ဆင်ထားသော တာဝါတိုင်ရှိ ဘက်ထရီအိုးသုံးလုံးကို ခိုးယူမှုဖြင့် အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။